"ကိုကိုက ဒီလောက်ဂရုစိုက်တတ်တာကို ဘာလို့ ရည်းစားမရှိတာလဲဟင်..."
ဂျောင်ဟန်မေးပြီးပြီးချင်းပဲ အနားတိုးလာတဲ့ ချွဲဆွန်းချောကြောင့် ခြေဖျားလက်ဖျားတွေ အေးလာတယ်။ တော်ပြီလေ။ ဒီလောက်နီးနေပြီ။ရပ်လိုက်တော့လို့။ သူတို့နှာခေါင်းချင်းတောင် ထိတော့မယ်။ တစ်ယောက်ရဲ့ အသက်ရှူငွေ့နွေးနွေးကိုတောင် ခံစားမိလောက်တဲ့အထိ။
ရုတ်တရက် နှာခေါင်းဖျားချင်းထိကပ်တော့မယ်ထင်နေရာကနေ ဘေးဘက်ကို ရွှေ့သွားပြီး နားထဲ ခပ်တိုးတိုးပြောလာတဲ့ အသံဩဩကို ကြားလိုက်ရတယ်။
"ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က စတော်ဘယ်ရီပဲ စားချင်လို့လေ...."
ပြောပြီးတာနဲ့ ချက်ချင်းနောက်ဆုတ်သွားတဲ့သူကြောင့် ယွန်းဂျောင်ဟန်အူကြောင်ကြောင်လေး ဖြစ်သွားတယ်။ ဘာကြီး???ဘာစားချင်တာ????
စချင်လို့ မေးမိတာပါ။ အခု အစခံလိုက်ရတာ သူလားလို့။
ယွန်းဂျောင်ဟန် နားရွက်ဖျားလေးတွေ နီရဲလာခဲ့တယ်။ သူ့ဘေးကလူကို မကြည့်ရဲတော့ဘူး။
"စိတ်နဲ့ ကိုယ်နဲ့ မကပ်နေတဲ့ ဒီရုပ်လေးက ဘာတုန်း....လာ....သူတို့ စကစားနေပြီ"
အဲ့ဒီတော့မှ ယွန်းဂျောင်ဟန် ပုံမှန်ဖြစ်ချင်ယောင်ဆောင်လိုက်ရပြီး ရှေ့က စခရင်ကို အာရုံစိုက်လိုက်ရတယ်။
.
.
.
.
.
.
.
ဘာတွေလဲ။ မူးနေတာပဲ။ အကြီးတွေ အသေးတွေရော။ စကားလည်း မပြောကြဘဲနဲ့ မျက်လုံးတွေ လက်တွေပဲ လှုပ်ကြတာ။ ကာစီနိုမှာ စကားမပြောရဘူးလို့ စည်းကမ်းထုတ်ထားလို့လားးး။ချွဲဆွန်းချော ရှေ့က ကစားပွဲထက် ဘေးက သက်ရှိအရုပ်လေးက ပိုပြီးစိတ်ဝင်စားကောင်းတယ်လို့ ခံစားရတယ်။ စားပွဲပေါ်က ချထားသမျှ ခေါင်းတညိမ့်ညိမ့်နဲ့ ယူစားလိုက်၊ ကစားပွဲကို အာရုံစိုက်ပြီး မျက်မှောင်ကြုတ်ကြည့်လိုက်၊ နားမလည်တော့ နှုတ်ခမ်းစူလိုက်နဲ့။ တကယ် မျိုးစုံကြိုးခုန်နေတဲ့ မျက်နှာလှလှလေးပဲ။
"ကိုကို....သူဘာလို့ အများကြီးနိုင်နေတာလဲ...အဲ့ဒီလိုဆို မဖြစ်ဘူးလေ...."
YOU ARE READING
ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)
Fanfictionဒီဘဝမှာတော့ ချစ်ခြင်းမေတ္တာမှန်သမျှ ကိုကို့အတွက်ပဲ~~~