အပိုင်း ဆယ့်နှစ်

1.5K 150 4
                                    

~~~တူ တူ တူ~~~

ဖုန်းဝင်သွားတဲ့ အသံကို နားထောင်ရင်း ယွန်းဂျောင်ဟန် စိတ်လှုပ်ရှားစွာနဲ့ နှုတ်ခမ်းကိုက်နေမိတယ်။

"ဘယ်ရီလေး...."

တစ်ဖက်က အသံကို ကြားလိုက်တာနဲ့ ဂျောင်ဟန် ပြောဖို့စဉ်းစားထားတာတွေ မေ့‌သွားရောလေ။

"ဟေ့....ဖုန်းမှားခေါ်မိတာလား..."

"အာ...တောင်းပန်ပါတယ် ကျွန်တော် ဘာပြောမို့လဲဆို မေ့သွားလို့..."

"သတိရပြီ သတိရပြီ...

"ကိုကို လက်လွှတ်လိုက်ရတဲ့ ပရောဂျက်ကိုလေ ဟို...ယွန်းလုပ်ငန်းစုက ရသွားတာ...အဲ့ဒါ ကိုကိုသိပြီးပြီလား.."

"အင်း....ကိုယ်သိပြီးပြီ"

"တောင်းပန်ပါတယ်...ကျွန်တော့်ကြောင့်သာ မဟုတ်ရင် အခုလိုဖြစ်မှာမဟုတ်ဘူး....အာ့ကြောင့်လေ ကျွန်တော်စဉ်းစားထားတာတစ်ခုရှိတယ်...."

"ပရောဂျက်ကို မရလိုက်တာ...ကောင်လေးအပြစ်မဟုတ်ပါဘူး...အဲ့ဒါထားလိုက်ပါ...ပြောပါအုံး ဘာစဉ်းစားထားတာလဲလို့..."

"ကျွန်တော့်အစ်ကိုမှာ အရမ်းဆိုးတဲ့ အကျင့်တစ်ခုရှိတယ်....လောင်းကစားတာလေ....အခုလည်း ပိုက်ဆံအများကြီးရမယ့် အခွင့်အရေးရှိနေတာမို့ သူစိတ်ပျော်နေမှာ...သူသွားနေကျ ကာစီနိုရုံရှိတယ်....သွားကို သွားမှာ သေချာတယ်........."

ချွဲဆွန်းချော တစ်ဖက်ကပြောသမျှ နားထောင်ရင်း ပြုံးမိတယ်။ တကယ်တော့ သူအစီအစဉ်ချထားပြီးပြီ။ သူ့လက်ထဲရောက်ရမယ့် ပစ္စည်းတစ်ခုဟာ သေချာပေါက်ရောက်ကိုရောက်ရမှာ။ တခြားဘယ်သူ့ဆီမှ အရောက်ခံမှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့ဘယ်ရီလေးက ဒီလိုလုပ်ဆိုတော့လည်း လုပ်လိုက်တာပေါ့။ စိတ်ချမ်းသာရင် ပြီးရော။

"ကိုကို ကျွန်တော်ပြောတာကြားရဲ့လား....ကိုကို့ဘက်ကသာ ပိုင်အောင် လုပ်ထားနော်...သူသွားတဲ့နေ့ ကိုကို့ကို ကျွန်တော်ဆက်သွယ်လိုက်မယ်...."

"ဟုတ်ပါပြီ.....ဒီတော့ အောင်မြင်သွားရင် ကိုကိုက ဘာဆုချရမလဲ..."

ကိုကို့ကို ယူချင်တာလို့ ပြောလိုက်ရမလား။

မဖြစ်သေးပါဘူး။

ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)Where stories live. Discover now