(1.3)

447 83 1
                                    

Unicode

1.3 - သင်ရိုးညွှန်တမ်းတွေကိုလေ့ကျင့်သင်ကြားဖို့ အချိန်ပိုတတ်ရမယ်။

_____________________

ရှန်ယွီဟာ စားသောက်ပြီးတာနဲ့ အမှိုက်ကိုစနစ်တကျစွန့်ပြစ်ပြီး ပိုင်ရှုယန် စကားပြောတာကိုစောင့်ဖို့ ထိုင်ခုံပေါ်တွင်ငြိမ်ငြိမ်လေးထိုင်နေခဲ့သည်။

"တကယ်တော့ ဆရာမင်းရဲ့စွမ်းဆောင်ရည်မှတ်တမ်းကို ကြည့်ခဲ့ဖူးတယ်....မင်းရဲ့အထက်တန်းကျောင်း ဝင်ခွင့်ရမှတ်တွေကအရမ်းကောင်းပေမယ့် အထက်တန်းကျောင်းစတတ်ကတည်းက မင်းရဲ့ရမှတ်တွေက ကျဆင်းလာခဲ့တာပဲ....မင်း ဒီကျောင်းရဲ့သင်ယူမှုနှုန်းကို လိုက်မမှီလို့လား....ဒါမှမဟုတ် တစ်ခြားအခက်အခဲတစ်ခုခုများရှိနေတာလား"

အတွေ့အကြုံရင့်ကျက်တဲ့ ဆရာတစ်ယောက်အနေနဲ့ သူဟာသင်ကြားပြသမှုတင်မဟုတ်ပဲ ကျောင်းသားတွေရဲ့ နေ့စဥ်ဘဝနဲ့ပတ်သတ်တာကိုပါ ကူညီပြသပေးဖို့လိုအပ်သည်။ သေချာတာပေါ့။ အတွင်းကျကျစကားပြောဆိုခြင်းက လူနှစ်ယောက်ကြားက အကွာအဝေးကိုအနီးကပ်ဆုံးချုံ့ပြစ်နိုင်မယ့် ပထမခြေလှမ်းဖြစ်သည်။

"အင်း....ကျွန်တော်အထက်တန်းကျောင်းရဲ့ သင်ရိုးတွေကို သိပ်လိုက်မမှီဘူး"

တကယ်တော့ရှန်ယွီဟာ ဆရာဖြစ်သူကိုအကူအညီတောင်းဖို့ တစ်ခါမှမကြိုးစားခဲ့ဖူးပေမယ့် အရင်အတန်းပိုင်ဆရာက အတန်းထဲကကိစ္စရပ်အားလုံးကို သိသိသာသာမျက်ကွယ်ပြုထားမှန်း သိသာ၏။ အတန်းပိုင်ဆရာတစ်ယောက်က ဘာတွေများပြောင်းလဲနိုင်မှာလဲ။ သူ့မိဘတွေဟာ ကျောင်းနဲ့ဆက်သွယ်ပြောဆိုဖို့ တကူးတကလာရောက်နိုင်စွမ်းမရှိတော့ပဲ အမှန်တွင်လွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းက သူတို့ဘာသာသူတို့ မည်သို့မည်ပုံ ရှာဖွေစားသောက်ဖို့နဲ့တင် အလုပ်ရှုပ်နေတတ်သည်။

ဆယ်ကျော်သက်လေးဟာ မှောင်မိုက်တဲ့အရိပ်ထဲတွင် တစ်ယောက်တည်းရရှိလာတဲ့ဒဏ်ရာမှန်သမျှ သူ့နှုတ်ခမ်းကနေဖွင့်ထုတ်ပြောလာဖို့ငြင်းဆန်၍ တိတ်တိတ်ဆိတ်ဆိတ် နေခဲ့ရသည်။

ဇာတ်လိုက်....၊ ဇာတ်လိုက်....၊ မင်းဘဝကအမြဲတမ်းအဆင်မပြေမှုတွေနဲ့ ကြုံနေခဲ့ရတာပါလား။

သင်ကြားခြင်းကအန္တရာယ်များတဲ့အလုပ်တစ်ခုပဲ [Translation] Where stories live. Discover now