(1.5)

376 80 2
                                    

Unicode

1.5 - ထူးဆန်းတယ်လို့ မထင်ဘူးလား။

_______________

ပိုင်ရှုယန်ဟာ အိမ်အောက်ထပ်မှာရှိတဲ့ ညနေခင်းအသားကင်ဆိုင်မှာ ရောက်လို့နေပြီး မှာထားတဲ့ အစားအသောက်တွေကို ဆိုင်ရှေ့က ခွေးခြေခုံလေးမှာထိုင်ရင်း စောင့်ဆိုင်းနေသည်။

အသားကင်ရဲ့မွှေးရနံ့က သူနဲ့စနစ်နှစ်ယောက်လုံးကို သက်ပြင်းချမိစေသည်။

"ငါ ခေတ်မှီလူ့အဖွဲ့အစည်းကိုချစ်တယ်.....အသားကင်က ငါ့ကိုပျော်ရွှင်မှုကို ပေးစွမ်းစေနိုင်တယ်လေ"

မစားရတဲ့အမဲသဲနဲ့ပက်ချင်နေတဲ့ စနစ်ကပြောလာသည်။

"ဟုတ်လား....ဒါဆို နောက်တစ်ခါကျရင် ကူးပြောင်းရမယ့်ကမ္ဘာကို ငါပြောင်းလဲပေးမယ်....ဘာကြောင့်ဆို ဘာဘီကျူးက ကျန်းမာရေးနဲ့သိပ်မညီညွှတ်ဘူးလေ"

hostဖြစ်သူ မှာယူထားသည့်အသားကင်တွေကိုဆွဲယူကာ စားတော့မည့်အချိန်ကိုက်တွင် စနစ်ကရုတ်တရတ်ဆိုသလို ထပြောလာ၏။

"ဇာတ်လိုက်က hostနဲ့ မီတာသုံးဆယ် အကွာအဝေးအတွင်းမှာရှိနေတာကို တွေ့ရှိခဲ့ရပါတယ်..."

"အာ....ဘယ်မှာလဲ"

ပိုင်ရှုယန်ဟာ သူ့ခေါင်းကိုမော့၍ ပတ်ပတ်လည်ကိုရှာဖွေကြည့်လိုက်သည်။

တွေ့တာနဲ့ အနားလျှောက်သွားကာ ရှန်ယွီရဲ့ကျောကိုခပ်ဖွဖွပုတ်သည်။ ရှန်ယွီမှာ ရုတ်ချည်းတုန်လှုပ်သွားပြီး အနောက်လှည့်ကြည့်လာ၏။

"ဆရာ ဘယ်လိုလုပ်အပြင်ရောက်နေတာလဲ"

ဆယ်ကျော်သက်လေးက မယုံကြည်နိုင်စွာမေးလိုက်မိသည်။ အေးစက်တဲ့အပြင်ဘက်လေထုထဲမှာ အချိန်အတော်ကြာရပ်နေခဲ့မိတာကြောင့် သူ့အသံမှာအနည်းငယ်အက်ကွဲနေခဲ့သည်။

"အဲ့ဒါ ငါမင်းကိုမေးရမှာမဟုတ်ဘူးလား....ဒီမှာဘာရပ်ကြည့်နေတာလဲ....ဆရာ့ကိုပြောစရာတစ်ခုခုရှိလို့ စောင့်နေတာလား"

ပိုင်ရှုယန်ဟာ အအေးဒဏ်ကြောင့် အေးစက်နေတဲ့ရှန်ယွီရဲ့မျက်နှာလေးကို လှမ်းကိုင်လိုက်ပြီး စိုးရိမ်စွာပြော၏။

သင်ကြားခြင်းကအန္တရာယ်များတဲ့အလုပ်တစ်ခုပဲ [Translation] Where stories live. Discover now