(1.9)

290 64 1
                                    

Unicode

1.9 - စိတ်မပူပါနဲ့.....ကျွန်တော် ဆရာ့ကိုထပ်ပြီး ပြုတ်ကျခွင့် မပြုပါဘူး။

_______________________

တစ်ရက်တာလုံး ဈေးလျှောက်ဝယ်လည်ပတ်ပြီးနောက်တွင် ရှာဘူ-သိုးသားရသည့် စားသောက်ဆိုင်တစ်ဆိုင်တွင် နှစ်ယောက်အတူညစာစားရန်ဆုံးဖြတ်ခဲ့သည်။

Bမြို့ရဲ့ ကြေးအိုး shabu-shabuဟာ hot pot အိုးကြီးတွေကို အသုံးပြုတတ်ကြသည်။ ဂန္တဝင်အရှိဆုံး ပါဝင်ပစ္စည်းတွေမှာ တို့ဟူးချဥ်၊ ပဲငံပြာရည်နှင့် နှမ်းဆော့စ်တို့ဖြစ်သည်။ ရှန်ယွီဟာ ၎င်းတို့ကို ပန်းကန်တစ်ခုထဲရောမွှေလိုက်ပြီး ပိုင်ရှုယန်ဆီကမ်းပေးလိုက်သည်။ နှစ်ယောက်သားစားသောက်ရင်း စကားစမြည်ပြောဖြစ်ခဲ့ကြသည်။

ပိုင်ရှုယန်ဟာ အရင်အဖြစ်အပျက်တွေက ရှန်ယွီအပေါ် အရိပ်မဲကြီးတစ်ခုအဖြစ် ကျန်ရစ်ခဲ့မှာကို တကယ်စိုးရိမ်နေခဲ့လေသည်။ အထူးသဖြင့် အခုလို ကျွမ့်အိမ်တော်ပြန်ရောက်ချိန် အရမ်းဖိအားများနေဆဲကာလတွင်ဖြစ်သည်။ ဒါကြောင့် သူမေးကြည့်သည်။

"ဗီဒီယိုကို အွန်လိုင်းပေါ်တင်လိုက်တဲ့တစ်ယောက်ကို အခုရှာတွေ့ပြီလား"

"အဲ့တုန်းက ကျွန်တော် ကြမ်းပြင်ပေါ်ထိုင်နေပြီး အလင်းရောင်ကိုကျောပေးထားတာကြောင့် ဘယ်သူမှတော့ ကျွန်တော့်ကိုမှတ်မိနိုင်မှာမဟုတ်လောက်ဘူး"

"ဒါ့အပြင်...."

ရှန်ယွီဟာ ရုတ်တရတ်ကြီး အနည်းငယ်စိတ်လှုပ်ရှားစွာ ပြောလာသည်။

"တကယ်တော့ ကျွမ့်မိသားစုက ထင်ထားတာထက်အင်အားကြီးပြီး ပြဿနာတွေကိုမြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်တယ်....ဆရာ အခုအရမ်းစိတ်ရှုပ်နေလောက်မှာပေါ့....ဆရာမှာလည်း အခုလောလောဆည်အလုပ်မရှိသေးဘူးဆိုတော့ ဖြစ်နိုင်ရင် ကျွန်တော့်ဆီမှာ....."

သူစကားမဆုံးသေးခင်မှာပဲ ပိုင်ရှုယန်က ဖြတ်ပြောလာ၏။

"ကိစ္စမရှိဘူး....maskတပ်ထားသ၍ ဘယ်သူ့မှ ဆရာ့ကိုမှတ်မိမှာမဟုတ်ဘူး....ဒီကိစ္စက မကြာခင်ပြန်ငြိမ်သက်သွားလိမ့်မယ်လို့ ဆရာယုံတယ်....အလုပ်နဲ့ပတ်သပ်ရင် မင်းမစိုးရိမ်ပါနဲ့....အခု ဘွဲ့လွန်စာမေးပွဲအတွက် ဆရာပြင်ဆင်နေပြီ....ပညာဆိုတာမျိုးက သင်ချင်ရင်အဆုံးသတ်သွားတယ်ဆိုတာမရှိဘူးလေ"

သင်ကြားခြင်းကအန္တရာယ်များတဲ့အလုပ်တစ်ခုပဲ [Translation] Where stories live. Discover now