(1.8)

332 71 1
                                    

Unicode

1.8 - ဒီကောင်လေး အရွယ်ရောက်လာတော့ သူ့ရဲ့ဖြောင့်စင်းချောမောတဲ့ ပုံပန်းသဏ္ဍာန်က ပိုသိသာလာတယ်။

________________

ရဲတွေက အစီရင်ခံစာကိုကျောင်းကိုပို့ခဲ့ပြီးနောက် ပိုင်ရှုယန်၏အလုပ်ဟာ တစ်လခွဲမျှဆိုင်းငံ့ခံထားရသည်။

အတန်းချိန်တွေ ရပ်နားခံလိုက်ရတာကြောင့် နေ့တိုင်းဆိုသလို အိမ်ထဲတွင် ဂိမ်းကစားနေရင်း ဗိုက်ဆာချိန်တိုင်း အပြင်ထွက်စားကာ Otakuတစ်ယောက်ဖြစ်ရခြင်း၏ သဘောသဘာဝကို လေးနက်စွာခံစားနေခဲ့သည်။

အတိုချုန်းပြောရရင် စကားတစ်လုံးတည်းပဲ။ အရမ်းမိုက်တယ်။

တစ်လခွဲလောက်ကြာမြင့်ပြီးနောက်တွင် လွတ်လပ်ပေါ့ပါးသောခြေလှမ်းများဖြင့် သန့်ရှင်းသပ်ရပ်စွာဖြင့် ကျောင်းပြန်သွားဖို့ အဆင်သင့်ဖြစ်နေချေပြီ။

ဒါပေမယ့် ကျောင်းအပေါက်ဝသို့ရောက်ရောက်ချင်း အနည်းငယ်ထိတ်လန့်သွားရရှာသည်။ အပေါက်ဝတွင် ဆူညံပွက်လောရိုက်နေတဲ့လူတစ်စု၊ တစ်နည်းအားဖြင့် သက်လတ်ပိုင်းအမျိုးသား၊အမျိုးသမီးတွေနဲ့ လူတစ်ဒါဇင်လောက် မတ်တပ်ရပ်နေခဲ့သည်။ လူတစ်ချို့က အော်ဟစ်ငိုယိုနေပြီး သူတို့လက်ထဲတွင် ဆိုင်းဘုတ်တွေတောင် ကိုင်ဆွဲထားသေး၏။

ဆရာတစ်ယောက်က ကျောင်းသားတွေကိုရိုက်နှက်လိုက်တာကြောင့် ဆေးရုံပင်ပို့လိုက်ရသည်။ ဒါပေမယ့် ကျောင်းက ဘာအရေးတယူကိစ္စမှမလုပ်ပေးခဲ့ဘူး။ ရူးနေကြတာလား။

ဆရာတွေနဲ့ ကျောင်းသားတစ်စုမှာ လူအုပ်ကြောင့် ကျောင်းအပေါက်ဝမှာတင် ပိတ်ဆို့နေခဲ့ပြီး အထဲဝင်လို့တောင်မရကြတော့ပေ။ ပိုင်ရှုယန်က ရင်းနှီးတဲ့ဆရာတစ်ယောက်ကို လှမ်းဆွဲလိုက်ပြီး မေးသည်။

"ဘာတွေဖြစ်နေတာလဲ"

ထိုဆရာဖြစ်သူက ပိုင်ရှုယန်ကိုမြင်တော့ တိုးတိုးလေးကပ်ပြောလာသည်။

"မင်းဘယ်လိုလုပ် တံခါးတည့်တည့်ကနေ ဝင်လာရတာလဲ....ဒီလူအုပ်က ဒီမှာပြဿနာရှာနေတာ နှစ်ရက်လောက်ရှိနေပြီ....သူတို့က ကွမ်ရီနဲ့ တစ်ခြားကျောင်းသားနှစ်ယောက်ရဲ့ မိဘတွေဆိုတော့ မင်းကိုမကျေနပ်ကြဘူး....သူတို့က ကျောင်းထုတ်ခံရတဲ့ကိစ္စနဲ့ပတ်သပ်ပြီး လျော်ကြေးပေးဖို့ တောင်းဆိုနေကြတာ"

သင်ကြားခြင်းကအန္တရာယ်များတဲ့အလုပ်တစ်ခုပဲ [Translation] Where stories live. Discover now