🔞Intro

49K 1.4K 102
                                    

                      * ကျေးကျွန်*

🍑Zawgyi

ကျွန်တော်ကjimin......Park jiminပေါ့

''jiminရေ...ငါနင့်ကိုမေးစရာရှိတယ်''

''မေးလေ အမ ''

ပန်းကန်ဆေးရင်းဘေးကလာမေးသူ အမကိုပြုံးကာပြန်ဖြေလိုက်သည်

''ဒီနေ့ သူဌေးရဲ့သားနိုင်ငံခြားကပြန်လာ
မယ်ဆို''

''ဟုတ်တယ်...''

''ငါကြားထားတယ်နင်ကသူနဲ့သိတယ်ဆို
ဟုတ်လား''

''အဲ့တာဟိုးငယ်ငယ်ကပါ
အစ်မ ရာ''

လွန်ခဲ့သော၁၃နှစ်>>>

ဟိုးလွန်ခဲ့တဲ့နှစ်တစ်ရာတည်းက
Parkမျိုးနွယ်ဟာKimမျိုးနွယ်ရဲ့
ဘဝအဆက်ဆက်ကျေးကျွန်ဖြစ်ကြတယ်
အဲ့ကျေးကျွန်ဆိုတာကြီးကိုအဆင့်ဆင့်
လက်ဆင့်ကန်းလာကြတယ်ဒါပေမဲ့
Parkမျိုးနွယ်ရဲ့ကျေးကျွန်သံသရာက
နှစ်တစ်ရာဆိုရင်လွှတ်မြောက်ပြီ

ကျွန်တော် ကံကောင်းသွားတယ်အဖေနဲ့အမေကျေးကျွန်ဆက်ခံတဲ့လက်ထပ်မှာပဲParkမျိုးနွယ်ရဲ့ကျေးကျွန်သက်တမ်း
ပြည့်သွားခဲ့ပြီ ကျွန်တော်ကျေးကျွန်ဘဝမှလွှတ်မြှောက်ခဲ့သည် သို့ပေမဲ့အဖေနဲ့အမေကတော့မလွှတ်မြှောက်ဖူးပေါ့

Kimမျိုးနွယ်ကအလွန်ပင်ချမ်းသာသည်
Kim Namjoonနဲ့Kim Seok Jinတို့
လင်များနှစ်ယောက်ကချမ်းသာပေမဲ့
သဘောထားလည်းကောင်းသူဖြစ်တယ်
ကျွန်တော်အသက်၃နှစ်လောက်မှာ
kimလင်မယားနှစ်ယောက်သားဦးရခဲ့ကြတယ်

သူတို့သားလေးနာမည်ကKim Taehyungတဲ့......ကျွန်တော့်ထက်
၃နှစ်သာငယ်တဲ့taehyungလေးက
အလွန်ပင်ချစ်ဖို့ကောင်းသည်

''ကိုကို......''

''ဟင် taehyungလေးဘာဖြစ်လို့လဲ''

''ကိုကို......မာမားကသားကိုနိုင်ငံခြားပို့
မယ်တဲ့အဲ့ဒါကိုကိုပါလိုက်ခဲ့ပါလားဟင်''

''ကိုကိုလိုက်လို့မရဖူးလေ...''

ကျွန်တော်လိုက်လို့မရဖူးပြောလိုက်တော့
ဖြစ်သွားတဲ့မျက်နှာလေးက နေမထိတော့တဲ့နေကြာပန်းလေးလိုငိုင်ကျသွားသည်

ကျေးကျွန်🔞 (vmin) ကျေးကျွန်🔞Where stories live. Discover now