🔞 Part - 10

16.9K 856 320
                                    

           

                     *ကျေးကျွန်*

🍑Unicode

ဒီလိုနဲ့jiminဒဏ်ရာသက်သာလာတဲ့အထိဆေးရုံမှာ၂ပတ်လောက်နေလိုက်ရတယ်
jiminတယောက်ဆေးရုံမှာနေရတာပိုပျော်မွေ့သည်ပုံပင်

ဒီနေ့ကဆေးရုံကဆင်းရမယ့်နေ့........
jiminကတော့မျက်နှာမကောင်းစွာနဲ့ကုတင်ပေါ်မှာပြတင်းပေါက်ကိုမျက်နှာမူပြီးထိုင်နေတယ်

taehyungကသိမ်းစရာရှိတဲ့အထုပ်တွေသိမ်းပြီး အိမ်ပြန်ဖို့အကြောင်းjiminကိုပြောလိုက်သည်

"ပစ္စည်းတွေသိမ်းပြီးပြီ ပြန်ကြမယ်လေ"

taehyungတယောက်jiminကိုတိုးညင်းတဲ့လေသံနဲ့ပြောလိုက်သည် သို့ပေမဲ့jiminကတော့taehyungစကားကိုဂရုမစိုက်ပေ

"jimin ပြန်ကြမယ်လေ "

taehyungနောက်တစ်ခါထပ်ပြောတော့မှ
jiminထိုင်ရာမှထပြီးထွက်သွားဖို့လုပ်သည်
taehyung jiminကိုတွဲပေးဖို့လက်မောင်းကိုင်လိုက်သည်ကို Jimin taehyungကိုတွန်းထုတ်လိုက်သည်

"ခြေထောက်ကျိုးနေတာမဟုတ်ဖူး
ကိုယ်ဘာသာကိုယ်သွားနိုင်တယ်"

ဆိုပြအခန်းထဲကထွက်သွားသည် taehyungကတော့အထုပ်တွေသယ်ရင်း jiminအနောက်ကအမြန်လိုက်သွားသည်

ကားပါကင်ရောက်တော့taehyungက ကားနောက်ခန်းထဲမှာပစ္စည်းတွေတင်လိုက်တာကြောင့်jiminအနောက်ခန်းမှထိုင်လို့မရတော့ အရှေ့ခန်းမှာသာ၀င်ထိုင်လိုက်သည်

taehyungလည်းကားပေါ်တတ်ပြီး ကားကိုဆေးရုံကနေအရှိန်‌ဖြေးဖြေးနဲ့မောင်းထွက်လာခဲ့သည်

ကားထဲတွင်တိတ်ဆိတ်နေတဲ့လေဟာနယ်ကိုဖြိုခွင်းပြီးtaehyungဆီကထွက်လာတဲ့စကားသံ

"jimin......ငါ  ငါတကယ်တောင်းပန်တယ်နော် "

jiminကတော့ပြတင်းပေါက်ဘက််ကိုသာကြည့်ရင်းtaehyungပြန်ဖြေလိုက်သည်

"မမောဖူးလား အဲ့စကားကိုထပ်ခါထပ်ခါပြောနေတာ"

"ဟင့်အင်း ငါမင်းအပေါ်လုပ်ခဲ့တာတွေကဒီစကားတစ်ခွန်းနဲ့မကျေနိုင်မှန်းငါသိပါတယ်"

"သိရင်ဘာလို့ပြောနေသေးလဲ နားငြီးတယ်"

"ဒါနဲ့လေ ငါ့ကိုဆေးခတ်ခဲ့တဲ့သူက....."

ေက်းကြ်န္🔞 (vmin) ကျေးကျွန်🔞Where stories live. Discover now