🔞Final

17.3K 837 103
                                    

                      "ကျေးကျွန်"        

🍑 Unicode

ဆုံစည်းနိုင်ခဲ့ပြီ.........ပူဆွေးမှုတွေနဲ့သောကတို့ဟာအဘယ်သို့ရောက်မှန်းတောင်မသိပေ..
သူသာလျှင်အရာအားလုံးကိုစိုးမိုးထားအံ့...
အချိန်တိုင်း၌၀ယ် သူကြောင့်သာစိတ်ပင်ပန်းရ၏ ။

နောက်ဆုံးတော့ဦးတည်ရာပန်းတိုင်ဖြစ်ခဲ့ကြတဲ့အိမ်ကြီးဟာ Taehyungဆိုတဲ့လူသားလေးကိုစောင့်မျှော်နေသည်

အိမ်အပြန်လမ်းတွင်တိတ်ဆိတ်နေတဲ့ကား‌ေပါ်မှာမည်သူအရင်စကားစပြောရမှန်း
မသိ.....အာရုံများထွေးပြားနေသည်။

Namjoonလည်းပြုံးပျော်လျက်Taehyungလည်းပျော်ရွှင်စွာအပြုံးများချိတ်ဆွဲထားပေမဲ့ အပြုံးအရယ်မရှိသောသူမှာjiminပင်....အပြင်ပန်းကြည့်ရင် မပျော်မရွှင်ဖြစ်သည်ဟုထင်ရတဲ့jiminက တကယ်တန်းသူ၏စိတ်တွင် အတိုင်းမသိပြုံးပျော်ပြီးတကယ်ကို၀မ်းသာနေသည်ပင်

ခြံကြီးထဲ၀င်လာတဲ့ကားလေ ရပ်သွားချိန်...
ကားပေါ်မှဆင်းလာတဲ့လူသုံးယောက်ကအိမ်ထဲသို့သာတစိုက်မတ်မတ်၀င်သွားကြသည် အပေါ်ထပ်ရှိအမေဖြစ်သူဆီအပြေးသွားမိတော့ အ‌‌မေဖြစ်သူကအခန်းထဲတွင်အားမရှိသည့်ပုံနှင့်လဲလျောင်းနေသည်

တံခါးဖွင့်သံကြားတော့လှည့်ကြည့်တဲ့jinကသားဖြစ်သူကြောင့် အရည်ကြည်လဲ့လဲ့တို့က
မျက်၀န်းအတွင်းမှစီးကျလာသည်

"သား........."

Taehyungလည်းမျက်ရည်မထိန်းနိုင်တော့ဘဲအမေ့ရင်ခွင်ထဲပွေ့ဖက်ကာငိုနေသည်မှာကလေးတယောက်လိုပင် သနားဖို့ကောင်းလှသည်

"အမေ ကျွန်တော်‌တောင်းပန်ပါတယ်....ကျွန်တော်အမေ့ကိုပစ်ထားခဲ့မိတယ်"

"သား အမေ့သားလေး သားအခုပြန်လာပြီ..
သားအမေတို့နဲ့နေမှာမလားသား...."

"နေမှာပေါ့အမေရဲ့......အခုကစပြီသားအမေ့အနားမှာပဲနေတော့မယ်နော်"

မျက်ရည်များနဲ့အလွမ်းသယ်နေကြတဲ့သားမိနှစ်ယောက်က ဘေးကရပ်ကြည့်နေတဲ့namjoonကိုတောင်သတိမမူမိကြပေ namjoonဘက်ကစကားစပြောတော့မှာသားမိနှစ်ယောက်namjoonကိုသတိထားမိတော့သည်

You've reached the end of published parts.

⏰ Last updated: Nov 29, 2021 ⏰

Add this story to your Library to get notified about new parts!

ေက်းကြ်န္🔞 (vmin) ကျေးကျွန်🔞Where stories live. Discover now