🔞Part - 13

14.5K 748 109
                                    

အသုဘနေ့မို့ လူတိုင်းဟာအနက်ရောင်၀တ်စုံများနဲ့ kimအိမ်တော်တွင်၀င်ထွက်သွားလာနေကြသည်........အိမ်ကြီးထဲမှာအားလုံးကတိတ်ဆိတ်ငြိမ်သက်နေပေမယ့် အမေဖြစ်သူ
jinကတော့ သားဖြစ်သူtaehyungရဲ့
ဓါတ်ပုံရှေ့တွင်ရင်ဘတ်ကိုလက်နဲ့တီးခတ်လျက်ငိုယိုနေမိသည်

လူတိုင်းဟာမျက်နှာတွင်အပြုံးမရှိ.....
ခံစားချက်တို့ကသေဆုံးသူအပေါ်၌သာ အာရုံထားမိကြသည်......

ထိုအိမ်ကြီးရဲ့ထောင့်စွန်းခန်းလေးက
အဖြူရောင်‌တံခါးတစ်ချက်အနောက်မှာ တိတ်တိတ်‌လေးငိုနေတဲ့ထိုလူသားလေးကဘေးတွင်အအနက်ရောင်၀တ်စုံကိုပုံထားပြီး
မျက်၀န်းငယ်လေးတွေနဲ့ထိုအနက်ရောင်
၀တ်စုံနာကြည်းစွာစိုက်ကြည့်နေမိသည်

တချိန်ကျရင်အဖြူရောင်၀တ်စုံလေးကိုသူ့အတွက်၀တ်မယ်လို့စိတ်ကူးယဉ်ခဲ့ဖူးသည် တကယ်တမ်းလက်တွေ့မှာ
စိတ်ကူးတွေပုံ‌ပေါ်လာတာကအဖြူရောင်၀တ်စုံလေးနဲ့‌ပျော်ရွှင်ခဲ့ခြင်းမဟုတ်ခဲ့ဘဲ သူ့အတွက်အမဲရောင်၀တ်စုံလေးနဲ့ ကျွန်တော်ကက ဝိဉာဉ်မရှိတော့တဲ့သူ့ရဲ့အသက်မဲ့တဲ့
ဓါတ်ပုံလေးအရှေ့မှာငို‌ေကြွးနေရသည်

ကျွန်တော်တို့နှစ်ယောက်ရဲ့မင်္ဂလာပွဲလေးကိုလူတွေအများကြီးကလက်ခုပ်ဩဘာနဲ့ဂုဏ်ပြုပေးကြတယ်လို့တွေးမိဖူးသည် တကယ်တမ်းဖြစ်လာတာကသူ့အသုဘအတွက်လူတွေအများကြီးကလာပြီးပူဆွေးနေကြတာတဲ့လေ

ရက်စက်လှသည်မှာနှစ်ယောက်မရှိ...အတ္တကြီးခဲ့သည်မှာလည်းနှစ်ယောက်သောသူမရှိ
မာနတွေချောင်းစီးပြီး သိပ်လှတဲ့အတ္တစကားလုံးတွေနဲ့တယောက်ကိုတယောက်ချိုးနှိမ်ခဲ့ကြသည်....ကျွန်ဟုခေါ်ဝေါ်တိုင်းနာကျင်ခဲ့ရသော်ငြားလည်း ကျွန်ဖြစ်ရသည်ကိုသာတခါတရံ မသိစိတ်ကကျေနပ်နေမိသည်
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_
_

မုန်းတယ် !......သိပ်မုန်းတယ်လောကကြီးကထွက်သွားတာတောင်ကျွန်တော့်ကိုသူ့မျက်နှာလေးတချက်တောင်ပြမသွားဘူးရယ်
ဒီနေ့ဆိုပိုလို့ပင်လွမ်းရသည် သူလေးဆုံးသွားတာ၂နှစ်ပြည့်ပြီလေ......အချိန်တွေကိုလည်းသိပ်မုန်းတယ် ကျွန်တော်ကရောဘာလို့
သေနေ့မစေ့သေးတာလဲ! ကျွန်တော်ဘယ်အချိန်မှသေမှာလဲ ဒီလောကကြီးမှာပူပင်စရာတွေနဲ့ရှင်သန်ရတာမောလှပြီလေ.......

ေက်းကြ်န္🔞 (vmin) ကျေးကျွန်🔞Where stories live. Discover now