Chapter...15

15.5K 860 32
                                    

ကလေးရဲ့အသားကိုထိရဲတဲ့ခွေးကောင်ရဲ့မျက်ခွက်ကိုတော့..ခမ်းအနေနဲ့စိတ်ကြိုက်ထိုးနှက်ပြီးထပ်ပြီးနှိပ်စက်ချင်သေးတာကြောင့်မြေအောက်ခန်းထဲသို့ခေါ်သွားခိုင်းလိုက်လေသည်
သွေးအလိမ်းလိမ်းနှင့်ပါသွားတဲ့ထိုခွေးကောင်
ကိုခမ်းမဲ့ပြုံးတစ်ချက်နဲ့ကြည့်လိုက်ပြီးဘယ်လိုအရေခွံခွာရမလဲကိုပါ...စဥ်းစားမိနေချေပြီ....

ကလေးရဲ့အသားမပြောနဲ့...ဆံနွယ်တစ်ချောင်းမရိုးသားတဲ့မျက်လုံးအကြည်နဲ့တောင်အကြည်မခံနိင်ပေ...သူရင်ခွင်ထဲအမြတ်နိုးဆုံးအချစ်ခံလူသားအဖြစ်နဲ့ဘဲရှင်သန်စေချင်သည်..။

ပြောရရင်တော့...အသက်ကသူရဲ့ဘဝ..သူရဲ့ရှင်သန်ရာအရိပ်ကလေးတစ်ခု...အသက်ကိုမြင်မြင်ချင်းချစ်ခဲ့မိလို့မရရအောင်အပိုင်ယူထားတာသာကြည့်...အသက်ဆိုတဲ့ပန်းကလေးက
ခမ်းအတွက်သာရှင်သန်ရပေလိမ့်မည်...။

အတ္တသိပ်ကြီးသွားသလား...အသက်ကိုချစ်တဲ့အချစ်တွေက..ထိုအတ္တတွေကိုဖြစ်တည်ပေးလာခဲ့တာဘဲလေ...။

ဦးရဲ့အချစ်တွေကိုအသက်ကမြင်စရာမလိုပါဘူး....

ဘာလို့ဆိုအသက်မှ..ဦးကိုမချစ်တာ...

အသက်မချစ်တောင်..ဦးချစ်နေရင်ရပြီမလား
နာကျင်မဲ့သူက...စိတ်ချမ်းသာစွာနဲ့အနာကျင်ခံပေးမယ်ပန်းကလေးရေ...

( သူဘက်ကကောင်းပေးလို့..အသက်ကပြန်ကောင်းပေးတယ်ထင်နေတာပါနော်...အသက်ကပုံမှန်စိတ်မဟုတ်တော့အချစ်ဆိုတာလည်းမသိဘူးဆိုတဲ့သဘောပေါ့..)

"အဲ့ဟာမကိုဧည့်ခန်းထဲပို့လိုက်...ပြီးမှစာရင်းရှင်းမယ်...ခေါ်သွား.."

"ကိုကို...သွန်းကိုဘာလုပ်မို့လဲဟင်...အဟင့်
သွန်းဘာမှမလုပ်ရပါဘူး...လွှတ်စမ်း..လွှတ်ကြ...ငါ့ကိုဘယ်သူမှတ်နေလို့လဲ...အသက်မောင်လေး...ကူပြောပေးပါဦး..မမဘာမှမလုပ်ခဲ့ပါဘူး...သွားငါ့အသားမထိကြနဲ့.."

သွန်းနဒီကတော့အော်ဟစ်ရင်းသူကိုဆွဲခေါ်သွားတဲ့နောက်ကိုပါသွားလေသည်...။

ရှိုက်သံလေးတွေဖြင့်ငိုယိုနေတဲ့အသက်ကို
ကလေးလေးတယောက်လိုခါးကိုခြေထောက်နှစ်ဖက်ဖြင့်ရစ်ဖက်စေပြီး...ချီပိုးထားလိုက်လေသည်..။

ကကြိုးရုပ်[ Complete ]Where stories live. Discover now