Chapter...34

11K 662 30
                                    

ထိုင်းကပြားတစ်ယောက်ဖြစ်တဲ့ ခမ်းကရုပ်
ရည်ချောမောသလောက် မာနကြီးပြီးရက်
စက်တတ်ရာမှာတော့ ခမ်းဆိုသည့်နာမည်တစ်
လုံးနှင့်ရပ်တည်နေတာမျိုးဖြစ်လေသည်...
ခမ်း ဆိုသည့်နာမည်လေးကိုလည်း ထိုင်းလူ
မျိုးဖြစ်တဲ့ အဖေဖြစ်သူကမှည့်ပေးခဲ့ခြင်းဖြစ်
လေသည်.....သို့ပေမဲ့ သူရှေ့တွင် အဖေဖြစ်သူ
ရဲ့အကြောင်းကိုမေးမြန်းတာမျိုး ပြောတာ
မျိုးကို ပိတ်ပင်ထားလေသည်...။

ယခုလည်း အပြစ်လုပ်ထားသောအပြစ်သား
တစ်ယောက်ကို ရက်စက်စွာ အပြစ်ပေးနေ
လေသည်..မြေအောက်ခန်းတွင် ငရဲခန်းလိုမျိုး
အော်ဟစ်သံနှင့်ဆူညံနေပေမဲ့ ထိုအသံတွေက
အပြင်အိမ်ထဲသို့ မကြားရောက်နိင်ပေ..အသံ
လုံအခန်းတွေသာဖြစ်လေသည်...။

"အခုလိုအဖော်လေးနဲ့ Liveကြည့်ရတာ
ကောင်းလိုက်တဲ့ ခံစားမူလေးဘဲ ဟုတ်တယ်
မလား..."

သွန်းနဒီကို မေးထိုးပြီး ခပ်ရဲ့ရဲ့ပြောလိုက်ပေ
မဲ့ ခေါင်းကြီးငုံ့ပြီး အကြောက်လွန်ပြီး ငိုယို
နေသည့် သွန်းနဒီကြောင့် ပို၍ကျေနပ်သွား
လေသည်...။

"ဒီထက် အော်တဲ့အသံတွေကြားချင်တယ်..
ရင်ထဲကစူးနစ်စွာခံစားရင်း မခံမရပ်နိင်အောင်
နာကျင်လို့ အသေသတ်ပေးပါလို့ ပြောမဲ့အသံ
တွေပေါ့..."

Bossရဲ့ စကားကြောင့် သူရ တပည့်တွေကို
ပို၍နှိပ်စက်ရန် အချက်ပြလိုက်လေသည်..။

ဆူပွက်နေတဲ့ဆီပူထဲက ဆီတစ်ခွက်ကိုအသာ
ခပ်လိုက်ပြီး ထိုအစေခံမရဲ့ မျက်နှာနားရစ်သီ
နေတဲ့ မြင်ကွင်းကိုဟန်မပျက်ကြည့်နေလေ
သည်...သွန်းနဒီကတော့ ဘာလုပ်မည်ကိုသိ
ပုံပေါ်နေပြီမို့ ကြောက်ရွံတဲ့အတိုင်းအတာက
ငယ်ထိပ်ထိတောင် တတ်နေလေပြီဖြစ်သည်..

"မလုပ်ပါနဲ့ အဲ့လိုမလုပ်ပါနဲ့ ဟင့် ကျွန်မကို
လွှတ်ပေးကြပါ...တောင်းပန်ပါတယ် နောက်
မလုပ်တော့ပါဘူး...အားးးးးအားးးးး"

ထိုအစေခံမရဲ့ မျက်နှာကို ဆီပူတွေဖြင့် လောင်းချလိုက်တာနှင့် ထိုအစေခံမရဲ့ သွေး
ပျက်စရာ ဝမ်းခေါင်းသံကြီးကပေါ်ထွက်လာ
လေသည်...။

"ကျစ်...ဟာကွာ...စင်ကုန်ပြီ.."

ဆီမှုန်မွှားလေးတွေလာစင်တာကြောင့် ခမ်း
သူ့ဘောင်းဘီးကို ဖုန်ခါသလိုခါလိုက်ပြီး စုတ်
သပ်လိုက်လေသည်...။

ကကြိုးရုပ်[ Complete ]Where stories live. Discover now