Chapter....43

10.8K 538 27
                                    

ဒီအပိုင်းတွေမှာမရှင်းတာရှိရင်သာသာကိုလာ
မေးလိူ့ရပါတယ်နော်😘

✨✨✨✨✨✨
တရွေ့ရွေ့မောင်းနှင်လာတဲ့ကားလေးကထိုင်း
နယ်စပ်ကိုတောင်ရောက်လုနေလေပြီ..။ည
တွင်းချင်း ထွက်ခွာလာသောကြောင့် ခတ်တ
မှေးမှမအိပ်ရသေးဘဲနွမ်းလျနေလေသည်..။

ကြောက်ရွံမိတဲ့မျက်ဝန်းတွေက တုန်လှုပ်မူကို
ထပ်မပြပေမဲ့ ရဲရဲနီတဲ့နှုတ်ခမ်းတွေကိုတော့
ခပ်တင်းတင်းဖိကိုက်ထားဆဲ...။ဘေးတစ်ဖက်
တစ်ချက်က ဖမ်းခေါ်လာတဲ့လူနှစ်ယောက်
ကြား လိုက်ပါလာရသည့်ခတ်အတွက်မထူး
တော့ပြီမို့ ထပ်ပြီး ကြောက်ရွံမူကိုတော့ထပ်ပြီး
ပြသတော့မည်မဟုတ်ချေ...။

လက်သူကြွယ်က လှပလွန်းသည့်လက်စွပ်
လေးကို ခတ်ထိတွေ့လိုက်ပြီး စိုက်ကြည့်လိုက်
လေသည်...ထိုသူတွေမြင်မှာစိုးသောကြောင့်
လက်စွပ်လေးကိုဖုံးဖိရင်းလျို့ဝှက်ထားရလေ
သည်...ထိုသူတွေကလည်းသူတို့အလျင်လို
နေတဲ့သူကို့ရောင်းမဲ့ကိစ္စကြောင့် သိပ်အထွေ
အထူးမကြည့်မိကြလို့တော်သေးရဲ့...။

ထိုလူတွေကလောဘသားကောင်တွေမို့ ဒီလက်စွပ်လေးကိုတွေ့ရင်ယူသွားကြမှာမလွဲ
အသက်ရဲ့လက်စွပ်လေးမို့ အသက်ကိုပြန်မ
ပေးနိင်ခင်မှာပင် ထိုသိုဖမ်းခေါ်ခံရလေသည်.
နေချင်းညချင်းပြောင်းလဲသွားတဲ့ကံကြမ္မာကို
ခတ်သိပ်အံ့သြမိသလို ကလေးတစ်ယောက်
လိုငိုယိုပြီး ကံကြမ္မာဆိုတဲ့အရာကို မေးမေးပြီး
ထုရိုက်ချင်ရဲ့...။

ဘဝအပြောင်းအလဲမှာတောင်သိပ်ကိုရဲရင့်
ပြီးစိတ်ဓာတ်မာခဲ့တဲ့ ခတ်အတွက်ငိုပြနေရုံနဲ့
ဘာမှဖြစ်မလာနိင်မှန်းသဘောပေါက်လေ
သည်...။ထိုအတွက်အထွေအထူးအပြစ်မဖို့
ချင်တော့...

နံနက်ဝေလီဝေလင်းမို့ ကားပြတင်းဝကနေ
လှမ်းမြင်နေရတဲ့ တိမ်ဆိုင်တိမ်ခဲတွေကသိပ်
ကိုလှပနေလိမ့်မယ်လို့ ခတ်မတွေးမိခဲ့..ထို
ကြောင့်တနေ့ကိုတကြိမ်လောက်ကောင်းကင်
သို့မော့ကြည့်သင့်တယ်ဟုပြောကြတာဖြစ်ပေ
လိမ့်မည်...။ တိမ်လိပ်တွေရဲ့ လှပမူက လှပ
တဲ့ပန်းချီကားတစ်ချပ်လိုမျိုး....အသက်ကိုရှာ
ဖွေဖို့အတွက်နဲ့ ဘဝကိုမာကျောစွာဖြတ်သန်း
ခဲ့တာကြောင့်ကောင်းကင်ရဲ့အလှကိုမခံစားမိ
ခဲ့တာကိုနောင်တရချင်သလိုပင်လေ...။

ကကြိုးရုပ်[ Complete ]Where stories live. Discover now