Chapter....61

13K 618 16
                                    

မျက်စီရှေ့မှာတင် ချစ်လှစွာသောအသက်
လေးက တဖြည်းဖြည်းလုံးကစ်လာသလို
ဗိုက်ပူလေးကလည်း ကိုးလကျော်ဆယ်လထဲ
ကိုရောက်လုနေပြီဖြစ်သည်။

လုံးကစ်လာတာလည်းမပြောနဲ့ လုံးလုံးလေး
ကအရမ်းစားချင်တာဆိုပြီး အကုန်ပူဆာပြီး
စားသောက်နေမှတော့ ခန္ဓာကိုယ်လေးကပြည့်
ဖောင်းပြီးဝက်ကလေးဖြစ်လာသည်မှာမဆန်း
ပေ။

ဒါတောင် ကိုယ်ဝန်ဆောင်နဲ့မတည့်တဲ့အစား
အသောက်တွေကိုတောင် စားရင်လုံးလုံးလေး
ကဗိုက်ထဲ င်ိုနေမှာ ဆိုပြီးခြောက်ထားလို့သာ
မစားပေမဲ့ မျက်စောင်းကတော့ထိုးချင်သေး
သည်။ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ အသက်
ကို သူမပါဘဲအိမ်အောက်ထပ်သို့ဆင်းခွင့်မပြု
ထားပေ။ သူရှိသည့်အချိန်မှာသာ ညနေဘက်
ခြံဝန်းကြီးထဲ လမ်းလျှောက်ရင်း နှင်းဆီပွင့်
တွေကိုကြည့်ပြီးနမ်းရှိုက်နေတဲ့ အသက်ကို
ကြည့်ကာ ကြည်နူးရပြန်သည်။

သူမဟုတ်ဘဲ အသက်ကိုမည်သူနဲ့မှစိတ်မချ
နိင်တဲ့ ဦးခမ်းပေဘဲမလာ။သိပ်ချစ်ရသူဆို
တော့လည်း ပူပန်ရသည်လေ။

သူမြတ်နိုးချစ်ရသူ အသက်ကသူ့ရဲ့ရင်သွေး
လေးကိုလွယ်၍မွေးဖွားပေးမည်ဆိုတာက
သူ့အတွက် စိတ်ကူးထဲတောင်စဥ်းစားထား
သည့်အရာမဟုတ်။ အသက်က ဉာဏ်ရည်
မမှီတဲ့သူတစ်ယောက်ဖြစ်ပေမဲ့ သူ့ရဲ့ရင်သွေး
လေးကိုလွယ်ကာ သူအပေါ်ဘယ်လောက်ထိ
ချစ်ကြောင်းကိုပြသပေးခဲ့လေသည်။

သူနဲ့မတွေ့ခင်က အသက်မည်သိုဘဝဖြတ်
သန်းခဲ့ရသည်ကိုသိသော်လည်း အသက်ကို
သိပ်ချစ်မြတ်နိုးမိတာကြောင့် ထိုအရာတွေ
ဟာအခုချိန်မှာတော့ ဆောင်းလမနက်ခင်းအ
စောမှာ ကျရောက်တတ်တဲ့မြူနှင်းတွေလို နေ
ထွက်ချိန်မှာတော့ လွင့်စင်ပျောက်ကွယ်ခဲ့ရ
ပြီလေ။

အသက်ကို ထို့သို့ဘဝရောက်အောင်လုပ်ခဲ့
သည့်သူများဖြစ်သည့် နဂါးနဲ့သူဇနီးဝင့်ဝါ နှင့်
တကွကျန်အပေါင်းအပါတွေကို တပည့်များ
ကိုစေလွှတ်၍ လက်စဖျောက်ခဲ့ပြီးပြီဖြစ်လေ
သည်။ခမ်း ဆိုသည့်သူကို ငြိမ်ခံ၍ကြည့်နေ
မည်ဆိုလျှင်မှားပေလိမ့်မည်။.သူလက်နဲ့ကိုယ်
တိုင်နှိပ်စက်ချင်ပေမဲ့ အသက်လေးမှာလုံးလုံး
လေးရှိနေပြီဖြစ်တာကြောင့် သူ့လက်ကိုထပ်
ပြီးသွေးအစွန်းမခံခြင်းဖြစ်လေသည်။

ကကြိုးရုပ်[ Complete ]Where stories live. Discover now