အပိုင်း ၁
Zwwgyi
ခမ်းနားထည်ဝါပြီး ဇိမ်ကျလှတဲ့ ကိုယ်ပိုင်လေယာဉ်ကြီးရဲ့ ပြတင်းပေါက်ကနေတဆင့် မြင်နေရတဲ့ ဖြူလွှလွှတိမ်စိုင်တိမ်တိုက်တို့က အဆုံးမရှိ ဖွေးဖွေးလှုပ်လျက်။
" လေယာဉ်စီးရတာ အဆင်ပြေရဲ့လား "
လေယာဉ်အပြင်ကနေ မျက်လုံးထဲ စူးဝင်လာတဲ့ အလင်းရောင်ကို ကာခြင်းကွယ်ခြင်း အလျဉ်းမရှိပါပဲ John တစ်ယောက် မျက်လုံးသေတွေနဲ့ မော့ကြည့်လိုက်ပြီးနောက် သူ့ဆီအမေးစကား ဆိုလာတဲ့ လူဆီ ခေါင်းမော့လို့ ကြည့်လိုက်တော့ ဒီအထိ သူ့ကိုခေါ်ဆောင်လာပေးတဲ့ အမျိုးသားက သူ့ဘေးနား လာရပ်လို့နေတာတွေ့ရသည်။
အသက်သုံးဆယ် အလယ်ပိုင်းလောက်ရှိပုံရတဲ့ ထိုအမျိုးသားက သူ့ကိုယ်သူ Carter Simpson လို့ဆိုကာ Ryan Lindberghရဲ့ အတွင်းရေးမှူးလို့ ပြော၏။
" ........ ဟုတ်။ အဆင်ပြေပါတယ်။ "
John ခေါင်းကို အကြိမ်ရေအနည်းငယ်ငြိမ့်ပြကာ အဆင်ပြေကြောင်း ပြောလိုက်တော့ ထိုလူက အချိန်သိရအောင် လက်ကောက်ဝတ်ရှိနာရီကို လှမ်းကြည့်သည်။
" အခု အင်္ဂလန်ကို ရောက်တော့မှာပါ။ နောက်မိနစ်သုံးဆယ်ဆို ရောက်ပြီလို့ ပြောတယ်။ "
" သြော်. ဟုတ်ကဲ့။ အသိပေးလို့ ကျေးဇူးတင်ပါတယ်ဗျ။ "
ဖျော့တော့တော့ အပြုံးလေးနဲ့ John ပြန်ပြောလိုက်တော့ Carter က သူ့ကိုငုံ့ကြည့်သည်။
အသက်ဆယ့်တစ်နှစ်တဲ့လား။
Carter စတွေ့တည်းက အလိုလို သိနေသည်။ ဒီကလေးက အတော်လေးကို မပွင့်မလင်းနဲ့ ခံစားချက်ကို သိုဝှက်ထားတတ်တယ်ဆိုတာ။ မေးခွန်းတွေ အမြောက်အမြား တန်းစီ မေးပစ်ရမယ့် အခြေအနေမျိုးတွေမှာတောင် နှုတ်ဆိတ်လို့ နေဖို့ကိုသာ ရွေးချယ်သူ။ သူကလည်း ဖြေစရာမလိုရင် ဘာမှမပြောချင်သူဖြစ်လို့ အတော်လေးတော့ ဟန်ကျတယ် ပြောရမည်။
ဒါပေမယ့်လည်း Carter စိတ်ထဲမှာတော့ ဒီတည်ငြိမ်အေးဆေးမှုက တော်တော်လေး မူမမှန်ဘူးလို့တွေးမိသည်။ John ဆိုတာက အသက်ဆယ့်တစ်နှစ်ပဲရှိသေးတဲ့ ကောင်ငယ်လေး။ လွန်ခဲ့တဲ့တစ်လကမှ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ အမေကို ဆုံးရှုံးထားခဲ့သူ။ အခုလည်း မွေးကတည်းက တစ်ခါမှ ရုပ်မမြင် အသံမကြားဖူးတဲ့ အဖေဆိုသူနဲ့ တွေ့ဖို့သွားနေတဲ့ လမ်းခရီးမှာ ဒီလောက် အေးဆေးတည်ငြိမ်နေတယ်ဆိုတာ ပုံမှန်လို့ကို မထင်မိ။
YOU ARE READING
RomancePlease read the disclaimer