Episode 3

344 44 4
                                    

အပိုင်း ၃

Zawgyi

" အင်း.....ဟင်း.... "

John အသက်ရှုကြပ်ချင်သလို ခံစားနေရပြီး တစ်ကိုယ်လုံး ပူလောင်နေကာ ချွေးတို့ဖြင့် စိုစိုရွှဲလျက် လည်ချောင်းကလည်း ခြောက်သွေ့လို့နေသည်။ အိပ်မက်ကမ္ဘာထဲ လည်ပတ်လို့နေတဲ့ John တစ်ယောက် ဆက်လက်သည်းမခံနိုင်တော့ပဲ ထိုအိပ်မက်ဆိုးကြောင့်ပင် ညလယ်ခေါင်ကြီး လန့်နိုးလာခဲ့ရသည်။

"....... "

သူနဲ့လုံးဝ စိမ်းသက်နေတဲ့ နေရာ.... ဒီနေရာက ဘယ်မှာပါလိမ့်...။

John သူ့မှတ်ဥာဏ်ထဲမှာ ပြန်လည်ဖွေရှာပြီးနောက် နှုတ်ခမ်းတို့မှ လေပူလေး အသာမှုတ်ထုတ်လိုက်မိသည်။

သြော်... ဟုတ်သားပဲ၊ ဒီနေရာ...။

အိစက်ညက်ညောနေသောမွေ့ရာထဲ နစ်ဝင်နေသည့် ခန္ဓာကိုယ်ဆီ အာရုံပြန်ရောက်သွားကာ ချွေးတို့ဖြင့်ရွှဲစိုနေသည့် နဖူးကိုသုတ်ဖို့ပြင်လိုက်ရင်းမှ John တစ်ကိုယ်လုံးတောင့်တင်းသွားရသည်။

တစ်ခုခုတော့ တစ်ခုခုပဲ။

သတိပြန်ကပ်လာချိန်မှာတော့ သူ့ရင်ဘတ်နဲ့ဗိုက်ပေါ်မှာ တစ်ခုခုတင်ထားသလိုမျိုး လေးလံနေတယ်ဆိုတာ ကျိန်းသေခံစားလို့နေရသည်။ သူ့ရင်ဘတ်နားတစ်ဝိုက်မှာ ဝေ့ဝဲနေသော ခပ်နွေးနွေးဝင်သက်ထွက်သက်လေးကိုပါ ခံစားမိလိုက်၏။

John စိတ်ထဲ တုန်လှုပ်နေမိသော်ငြား သဘာဝကျကျ အမူအရာဖြင့် လွှမ်းခြုံထားသော စောင်ကို အသာအယာပင့်မ,ကြည့်လိုက်သည်။

သူ့စောင်အောက်မှ ခပ်ငယ်ငယ်ခေါင်းလေးပြူလာတာကို မြင်လိုက်ရချိန်မှာတော့ John အထိတ်တလန့်ဖြင့် အကျယ်ကြီးထအော်မိမတတ်ပင်။ စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းကို ပေါက်မတတ် ကိုက်ထားလျက် နိမ့်ချည်မြင့်ချည် လှုပ်ရှားနေသော သူ၏ ရင်ဘတ်ကို ဖက်တွယ်ထားသည့် ထိုအရာလေးကို John အနီးကပ်ကြည့်လိုက်သည်။

"........ ဟင် "

စောစောက တွေ့ခဲ့သည့် ကလေးဆိုတာကို သိလိုက်ရတော့မှ John ခမျာ သက်ပြင်းလေးအသာချလို့ စိတ်အေးသွားရသည်။

ငရဲတွင်းဝမှ အနမ်းပြင်းရှရှ ငရဲတွင်းဝမှ အနမ်းပြင်းရှရှ Where stories live. Discover now