Episode 4

360 37 4
                                    

အပိုင်း ၄

Unicode

" သတင်းထောက်တွေထင်တယ်! "

Cereal ထဲ နွားနို့လောင်းထည့်နေတဲ့ Johnတစ်ယောက် Carter ဘာပြောတာပါလိမ့်ဆိုတဲ့ အူတူတူ အမူအရာလေးနှင့်။ ပါးစပ်ထဲမှ ဝါးလက်စ ငှက်ပျောသီးအား မျိုချကာ နှုတ်ခမ်းကို လက်သုတ်ပုဝါနှင့် သုတ်လိုက်ပြီး စားနေတာကို လက်စသတ်လိုက်သည်။

" ကျွန်တော် နားမလည်လို့ဗျ။ သူတို့ကို ဘာလို့ သတိထားနေရတာလဲ။ "

" Ryan က သူ့ကိုယ်ပိုင်ဘဝကို သိုသိုသိပ်သိပ်ပဲထားချင်တယ်လေ။ ဒါပေမယ့် သူတားမနိုင်တာတွေလည်း ရှိတာပေါ့။ PR team က ဒီလိုကိစ္စတွေကို အ​မြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးနိုင်တယ်ဆိုပေမယ့် Johnအကြောင်း မီဒီယာပေါ် ပါလာမှာ သူစိုးရိမ်နေတုန်းပဲလေ။ "

" Ryanကလေ....ဟို....နာမည်ကြီးမင်းသားမို့လို့လားဗျ။ "

လဲယိုင်ချင်သလိုဖြစ်သွားတဲ့စိတ်ကို Carter အမြန်ထိန်းချုပ်လိုက်ရ၏။ Google မှာ Ryan ဆိုတဲ့ keyword တစ်လုံးတည်းနဲ့ ရှာရင်တောင် Ryan Lindberg ဆိုတဲ့လူက ထိပ်ဆုံးက အမြဲပေါ်လာသည်အထိ နာမည်ကြီး ကျော်ကြားသူဖြစ်သည်။

' အင်းပေါ့လေ။ ကလေးဆိုတော့လည်း နားမလည်​သေးတာဖြစ်မှာပေါ့။ '

Ryanဟာ ဘယ်လိုလူမျိုးဖြစ်ကြောင်း၊ ဘယ်လောက် ကျော်ကြားကြောင်းကို Carter သူ့နည်းသူဟန်နဲ့ John နားလည်အောင် တစ်ဆင့်ချင်း အသေးစိတ်ရှင်းပြလိုက်တော့မှ Ryan ဆိုတာ သူထင်ထားတာထက် ပိုပြီး အောင်မြင်တဲ့အကျော်ဇေယျပုဂ္ဂိုလ်ဖြစ်ကြောင်း John သဘောပေါက်သွား၏။

Carter ပြောပုံအရဆိုရင် ၁၇ရာစုကတည်းက ငွေချေးလုပ်ငန်းဖြင့် အောင်မြင်လာတဲ့ Lindberg Groupဟာ အခုအချိန်မှာ ဥရောပနဲ့မြောက်အမေရိကတစ်လွှားမှာရှိတဲ့ စစ်ဘက်ဆိုင်ရာလုပ်ငန်း၊ ငွေကြေးစီမံခန့်ခွဲတဲ့လုပ်ငန်းနဲ့ လောင်စာဆီလို လုပ်ငန်းတွေအပါအဝင် အမျိုးမျိုးသော စီးပွားရေးနယ်ပယ်တွေမှာပါ ကြီးမားတဲ့လွှမ်းမိုးမှုမျိုးရှိနေပုံပင်။

ထို့အပြင် Ryan Lindbergသည် ကမ္ဘာ့အကြီးဆုံး မီဒီယာရင်းနှီးမြုပ်နှံမှုအုပ်စု Loyal&Trust ၏ ခေါင်းဆောင်လည်းဖြစ်သေးသည်။ ထို Loyal&Trust အုပ်စုဟာ အမေရိကနှင့် ဥရောပတစ်ခွင် အသံလွှင့်ရုံများ၊ သတင်းစာ၊ မဂ္ဂဇင်းနှင့် ရုပ်ရှင်ဖြန့်ချိရေးလုပ်ငန်းတွေကို ပိုင်ဆိုင်ထားသည်ဟု Carter က ရှင်းပြသည်။

You've reached the end of published parts.

⏰ Last updated: Dec 23, 2021 ⏰

Add this story to your Library to get notified about new parts!

ငရဲတွင်းဝမှ အနမ်းပြင်းရှရှ ငရဲတွင်းဝမှ အနမ်းပြင်းရှရှ Where stories live. Discover now