ထယ်ယောင်းတျောက် အိပ်ကောင်းကောင်းနဲ့အိပ်နေတာ
နားထဲ ညည်းသံကြားမှ မျက်လုံးဖွင့်ပီ
ကြည့်လိုက်တော့ မောင်ဖစ်နေတယ်"အီးဟီး ချမ်းတယ် အင်း ဟင်း"
ထယ်ယောင်း မောင်ရင်ခွင်ထဲက
ထွက်ကာ မောင်နဖူးကို စမ်းကြည့်လိုက်တော့ ကိုယ်တေပူကျစ်တောက်နေတာပဲ
မောင်က ဖျားပီးထင်မာ"မောင် မောင် ဘယ်လိုဖစ်ရတာလဲကွာ"
"မောင်မသိဘူး သဲငယ် လောလောဆယ်
အရမ်းချမ်းနေတယ်"ထယ်ယောင်းလဲ ချက်ချင်းထကာ
မျက်နှာကို ကဗြာကရာသစ်ပီး
မောင့်ကိုယ်ပေါ်ကို ရှိသမျှစောင်တေ
အကုန်ခြုံပေးလိုက်သည် ပြတင်းပေါက်
တံခါးတေလဲပိတ်ထားတာကို မောင်က
ဘယ်လိုဖျားရတာလဲ မနေ့ကမိုးရေထဲက ပြန်လာတဲ့သူကပဲ
ဖျားရမာကို မောင်ကဖျားရတယ်လို့"မောင် ချမ်းနေသေးလား"
"အင်းအင်း အရမ်းပဲ အင်း ဟင်"
ထယ်ယောင်းလဲ ထိုစောင်ပုံထံဝင်ကာ
မောင်ကိုရင်ခွင်ထဲထည့်ပီး အိမ်ဖုန်းနဲ့ပဲ
မိသားစုဒေါက်တာကိုပဲ ဖုန်းဆက်ခေါ်လိုက်တော့တယ်ဒေါက်တာရောက်တော့ မောင်ကသူရင်ခွင်ထဲမာ ကွေးကွေးလေး
အိပ်ပျော်နေလို့ အူယားရပြန်သည်
ဆရာဝန်ရှေ့တောင် မရှောင်နိုင်ပဲ
မောင့်နဖူးကိုငုံ့နမ်းတော့ ဒေါက်တာက
ပြုံးပြုံးလေးကြည့်နေသည်
မောင့်ကို ဒေါက်တာလက်ထဲခနအပ်ပီး
အောက်ကိုဆင်းလာကာ ဆန်ပြုတ်
အမြန်ပြုတ်ရသည် ဆန်ပြုတ်ရတော့
တခါတည်း ဆန်ပြုတ်နဲ့ ရေဘူးပါ
သယ်သွားလိုက်သည်"လူနာနိုးရင် ဆန်ပြုတ်ကျွေးပီးတာနဲ့
ဒီဆေးတခွက်တိုက်လိုက် ဒါကညစာ
ရော့ဒါက 2ရက်စာ အက်တာမှမသက်သာရင် ဆရာဆေးခန်းသိတာပဲ လာပြပေးနော်""ဟုကဲ့ပါ ဒေါက်တာ"
ဒေါက်တာပြန်သွားတာနဲ့ ထယ်ယောင်း
မောင်နားထိုင်ပီး ဆံပင်လေးတေ
သပ်ပေးလိုက်တယ် ခေါင်းမာချွေးတေ
ပြန်နေတော့ စောင်တထပ် ဖယ်ပေးလိုက်တော့"အင် ဟင် ချမ်းတယ် အရမ်းချမ်းတယ်
သဲငယ်"ထယ်ယောင်းစောင်ပြန်ခြုံပေးလိုက်ပီး
ဘီရိုနားသွားကာ မောင့်အဝတ်စားတေ
လဲပေးဖို့ အင်္ကျီတေထုတ်လိုက်တယ်
ပီးတော့ မောင့်နားပြန်လာပီး စောင်တေအကုန်ဖယ်ပီး ရေပတ်တိုက်ပေးလိုက်တယ် အင်္ကျီကစ
ဘောင်ဘီတေပါ တခါတည်း
လဲပေးလိုက်တယ် ခုနကခြုံပေးထားတဲ့
စောင်တေကိုအကုန်ပြန်ခေါက်ပီး
ဆိုဖာပေါ်တင်ကာ အထူတထည်ပဲ
ခြုံပေးထားလိုက်သည်