Part-8 U/Z

1.3K 32 1
                                    

🔥မှောင်🔥

အပိုင်း(၈)

“ဖြောင်း!!!”

အားပြင်းသည့်ရိုက်ချက်တခု! ဒေါသမီးများတောက်လောင်နေသည့် အမျိုးသမီးငယ်သည် သူ၏ဘေးနားမှ လူငယ်တစ်ယောက်၏ပါးပြင်ထက်သို့ ပစ်မှတ်ထားကာ ဆုံးမသည့်နှယ်။
ဟိုတယ်ဧည့်အခန်းရှိ ဧည့်သည်များသည်လည်း ထိုအမျိုးသမီးအား အံဩတကြီးဖြင့်ကြည့်ကာ မယုံနိုင်ဖွယ်အတိ။

ရုပ်ရည်လေးကလှသလောက် ဒေါသကတော့ပြင်းချက်။
ဒီလိုမိန်းမမျိုးကို ဘယ်သူက သဘောကျနှစ်သက်လိမ့်မတုန်း။

တစ်ယောက်တစ်‌ ပေါက်တီးတိုးသံများသည် ထိုအမျိုးသမီးငယ်အား ပို၍ဒေါသဖြစ်စေသည်။

“သစ်ခ မင်းအလုပ်ကို ဘယ်လိုလုပ်နေတာတုန်း ဟမ်!!”
“ကျွန်တော် တောင်းပန်ပါတယ် မမလေး”

ထိုအမျိုးသမီး၏ရိုက်ချက်ကြောင့် သစ်ခ၏ နူးညံသည့်ပါးပြင်လေးသည် နီးမြန်းနေလေရဲ့။သစ်ခ၏ဘဝအတွက် နွဲ့ဆိုသည့် နာမ်စားသည် အမြဲခြောက်လန့်လျက်ရှိ၏။

“မာန် ကို မတွေ့တွေ့အောင် ရှာခဲ့လို့ မပြောခဲ့ဘူးလား ဟမ်!!!”

“ကျွန်တော် တောင်းပန်ပါတယ် မမလေး”

သူဇာနွဲ့သည် ညာလက်ဖဝါးအား ထပ်မံမြှောက်လျက် သစ်ခ၏ပါးပြင်ပေါ်သို့ ရိုက်ခတ်တော့မည်ဟန်ရှိသည်။
သို့ပေတည်း သူမ ရိုက်ချက်သည် တောင့်ဖြောင့်လှကာထွားကျိုင်းသည့် ကျောပြင်တခုဆီသာ ကျရောက်သွားတော့၏။

“ထက်ယံ”

ဟုတ်သည်။ထည်ဝါ ကုမ္ဗဏီရဲ့ ညာလက်ရုံးပင်။

“ရှင် ဘယ်ကရောက်လာတာလဲ”

“လူကြားထဲမှာ ဒီလိုမျိုး ရိုက်နှက်ဆုံးမခွင့် မင်းမှာ မရှိဘူး”

“အောင်မှာ ရှင်က ဘာအခွင့်နဲ့လာပြောနေတာလဲ သူက ကျွန်မရဲ့အစေခံသာသာ ဘဲ”

ထက်ယံသည် မျက်ရည်အဝိုင်းသားဖြစ်နေသည့် သစ်ခအား တစ်ချက်ကြည့်လိုက်သည်။ဤကောင်လေးကို သူ သတိထားမိနေတာကြာပြီ။သို့သော် နှုတ်ဆတ်စကားမဆိုမိသလို စကားဘောင်ဖွဲ့ပြီးလည်း မဆိုမိခဲ့ချေ။
ခက်သား မင်းမျက်နှာကို မြင်ရင်တော့ရင်ဘတ်တခုလုံး ပေါက်ထွက်မတတ် ခုန်နေတယ်။

🔥မှောင်🔥(On Going)Where stories live. Discover now