Part-9 U/Z

1K 25 0
                                    

🔥မှောင်🔥

အပိုင်း(၉)

“မင်း အဆင်ပြေရဲ့လား”

“ဗျာ”

“ဟိုမိန်းမ ရိုက်ထားတဲ့ မင်းပါး တော်တော် နီရဲနေတယ်”

ထက်ယံသည် စကားမတတ်သည့်လူစား စာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်ထားလေသည်။ထို့ကြောင့် သူပြောသည့် စကားတိုင်း မလေးစားသည့် သက်ရောက်မှု အနည်းအငယ်ပါဝင်လေ၏။

“မမလေးက အဲလိုပါပဲ”

“သူက မင်းကို လူကြားထဲလည်း အဲလို အမြဲ အနိုင်ကျင့်နေကျလား”

သစ်ခသည် ထက်ယံ၏ စူးရှသည့်အကြည့်ကြောင့် အနည်းငယ် အနေရခက်သွားကာ အမှန်ကို ပြောပြဖို့ရန်ပင် တွန့်ဆုတ်မိပြန်သည်။

“မမလေး က အနိုင်မကျင့်ပါဘူး ကျွန်တော့်  အပြစ်အတွက် ဆုံးမတာပါ”

ထက်ယံ ကောင်လေးကို တချက်ကြည့်လိုက်သည်။ လိမ်ညာနေသည့် အသွင်ပေါ်လွင်နေသည်မှာအထင်သား။သူ၏ မျက်ဝန်းများဟာ တည်ငြိမ်မှုမရှိ၊ တင်းကျပ်စွာဆုတ်ကိုင်ထားသည့် လက်နှစ်ဖက်ကြောင့် ထက်ယံ အကဲခတ်မမှားနိုင်ပေ။

“ကိုယ့် ကိုမင်းယုံကြည်နိုင်ပါတယ်”

“ခု ဘယ်သွားကြမှာလဲ ဟင်”

သစ်ခ စကားလမ်းကြောင်းလွှဲလိုက်သည်။
သစ်ခသည် နွဲ့ ဟုသည့် မိန်းမ၏လောင်းရိပ်အောက်ကနေ ရုန်းမထွက်နိုင်ခဲ့ပါ။ထိုသူမသည် သစ်ခအား သူ၏ဖခင်နှင့် အမြဲတစေ ခြိမ်းခြောက်လျက်ရှိရာ ဖခင်မျက်နှာတစ်ကမ္ဘာဖြစ်သည့် သစ်ခအဖို့ ‌ကြောက်ရွံခေါင်းညိမ့်ရုံသာ တတ်နိုင်သည်။

“ဒီလာ”

ထက်ယံသည် သစ်ခ၏လက်ကို ဆွဲယူလျက် သူ၏မျက်နှာအနီးသို့ ခေါ်သွင်းလေသည်။ သူတို့နှစ်ယောက်၏မျက်နှာ အကွာအဝေးသည် တစ်လက်မသာရှိပေမည်။

“ဘာ.. ဘာ လုပ်မလို့လဲ”

“ဆေးလိမ်းပေးမလို့လေ ဘာလဲ နမ်းမယ်ထင်လို့လား”

“ဟမ် ဘာ!!”

ထက်ယံ၏အကြည့်များက စနောက်သည်ဟုပင် ထင်ရက်စရာမရှိ။
တစ်စုံတစ်ယောက်မှာတော့ မျက်နှာတခွင် ရဲသွေးစင်ကာ ရှက်သွေးဖြာနေလျက်ပင်။
သူ နမ်းတိုင်းခံစရာလား။

🔥မှောင်🔥(On Going)Where stories live. Discover now