Part-15 U/Z

958 20 0
                                    

အပိုင်း(၁၅)

မှောင်ရီပျိုးနေသည့်ညနေခင်းတခု၌ သွေးသံရဲရဲဖြင့် ကမ်းစပ်ရှိဝါးအိမ်ကလေးထံသို့ ပြန်လာခဲ့သူ၏ မျက်ဝန်းများက အကြင်သူကို လိုက်၍ရှာနေသည်။ပင်လယ်ပြင်မှ လှိုင်းလုံးများက
ကျောက်ဆောင်များကို ရိုက်ခတ် နေသလို သူ၏အချစ်မီးများကလည်း နှလုံးအိမ်ကို လောင်မြိုက်လို့‌နေသည်။

ပျိုး။ကိုယ့် မင်းကို သိပ်သတိရတယ်။

မှောင်ရိပ်မှာမူ မျက်စိအောက်က အပျောက်မခံခဲ့တဲ့ချစ်ရသူကို ယခုတော့ ဝေးလံတဲ့အရပ်တခုကို ပြန်ပို့လိုက်ရပြီ။
မှောင်ရိပ်တစ်‌ယောက် အချစ်ဆိုတဲ့အရာကို ပျိုးဟူသည့်လူသားနဲ့တွေ့မှ ခံစားဖူးရ၏။

ကျုပ်ဆိုတဲ့ အကောင်က အမှားတွေဆက်တိုက်ကျုးလွန်းနေတဲ့သူ။ညစ်ညမ်းတဲ့သွေးတွေ လက်မှာ စွန်းထင်းနေတဲ့သူ။
အသက်၁၅ နှစ်မှာ ကျုပ်ရဲ့ဘဝကြီးက အဓိပ္ပာယ်မဲ့သွားခဲ့တာ။ဒါတွေက ကျုပ်အဖေရဲ့ ...

“မောင်ရိပ်”

အနောက်ဖက်မှ ထွက်ပေါ်လာသည့်ဘလွဲ၏အသံက တည်ကြည်လေးနက်နေသည့်အသံ။
အဖေတမျှ ချစ်ခင်တွယ်တာရသည့် ဘလွေ့က ကျုပ်ဘာလုပ်လုပ် လက်ခံပေးပြီး
ကျုပ်ကို ယုံကြည်ပေးခဲ့တာ။
‌အမေရဲ့ နောက်ဆုံးအချိန်ကိုတောင် အကောင်းဆုံးဖြစ်အောင် သူဆောင်ရွက်ပေးခဲ့တယ်။

“သူ ကျုပ်ကို ဘာပြောခဲ့လဲ”

ဘလွေ့ သက်ပြင်းတစ်ချက်ချကာ ပင်လယ်ပြင်ကို တွေတွေကလေးငေးကြည့်သည်။
လူငယ်တွေကြား သူဝင်မပါချင်ပါ။
မှောင်ရိပ်ဘဝ အမှန်ကို ‌ပျိုးသိသွားရင် ပြောင်းလဲနိုင်မှုတွေ ဖြစ်လာမှာ။

“သူဆီကို သေချာပေါက် လိုက်လာခဲ့ပါတဲ့”

ဘလွေ့ စကားသံ ဆုံးသည့်နောက် မှောင်ရိပ် သတိလစ်မေ့မောသွားသည်။

မှောင်ရိပ်၏ အဖေက အသူရာဂိုဏ်းချုပ်။သေနတ်ဒဏ်ရာနဲ့ ချားစ်ကျွန်းစုကို ရောက်ရှိလာပြီး ကျွန်းစုမျိုးနွယ်မိန်းမငယ်နဲ့ ဖူးစာစုံမက်ပြီးလက်ထပ်ခဲ့တာ။

အမျိုးသမီးကိုယ်လေးလက်ဝန်ရတဲ့အချိန်မှာတော့  ပြင်သစ်ကို သူ ခေါ်သွားခဲ့တယ်။သူ၏ဘဝအစစ်အမှန်ကို မသိ‌သေးသောမှောင်ရိပ်၏မိခင်က အသက်တမျှချစ်မြတ်နိုးရှာသည်။

🔥မှောင်🔥(On Going)Where stories live. Discover now