Part -10 U/Z

1K 28 1
                                    

🔥မှောင်🔥

အပိုင်း(၁၀)

“ခါးလူ ဘယ်မှာတုန်း”

“ဘယ်သူ.. !”

ခွပ်!!!

မှောင်ရိပ်သည် လေ၏အလျင်ဖြင့် ထွက်လာသူအား ဦးအောင် ထိုးလိုက်သည်။

“ဟိတ်ကောင် အတင့်ရဲလှကြီးလား”

“‌ေ-ာက်စကားများမနေနဲ့ မင်းတို့ရဲ့ ခွေးခေါင်းဆောင် ဘာမလဲ”

ခွပ်! ဒုတ်!!

မှောင်ရိပ်သည် ညသန်းခေါင်ယံ၌ လရောင်အောက်တွင် ‌ချွေး‌များစွာထွက်သည်အထိ တစ်ဖက်ရန်သူများနှင့်အတူ တိုက်ခိုက်နေပြီး သူ၏ဆံပင်ကောက်ကလေးများသည်လည်း ပခုံးထက်ဝယ် တွဲခိုကျနေသည်။

“သေစမ်း!!!!”

သူ၏အနောက်ဘက်မှနေ၍ တစ်ဖက်ရန်သူက အငိုက်မိသည်နှင့် ရိုက်ရန်ပြုလေသည်။
သို့သော် ပါးနပ်လွန်းလှသည့် မှောင်ရိပ်အဖို့ ဤနည်းဗျူဟာက ကလေးအဆင့်သာရှိသည်။

“အာ့!!”

မှောင်ရိပ်သည် တစ်ဖက်လူ၏ ညာလက်ပြင်ကုန်းအား အသေရိုက်ချလိုက်ကာ အနောက်ဘက်မှ နေ၍ နောက်လူအား ဆောင့်၍ကန်ပစ်လိုက်လေသည်။

“ဘယ်မှာလဲ အဲ့ခွေးကောင်”

မှောင်ရိပ် နှင့်ခုခံတိုက်ခိုက်နေသူများက ခါးလူ၏လူများဖြစ်ပြီး ၇ယောက်ခန့်ရှိသည်။
ခါးလူသည် မြို့တက်လိုက် ကျွန်းစုကို ပြန်လာလိုက်ဖြစ်သည်မို့ သူနေထိုင်ရာ နေရာမှာ အတည်တကျဟူ၍မရှိပေ။
သို့အတွက် သူ့အကြောင်း အသိဆုံးဖြစ်သည့် သူ့‌လက်အောက်ခံ ခွေးတစုကို မှောင်ရိပ် စစ်မေးနေလေသည်။

“ကိုခါးလူ.......”

“ဆက်ပြော!!!”

မှောင်ရိပ်သည် သတိမလစ်ဘဲကျန်ခဲ့သောလူ အား အတင်းမေးနေပါသော်လည်း အနှီလူသားက ခေါင်းမာပြနေသည်။

“သေချင်တာလား”

သူသည် ကျန်ရစ်သူ၏မေးစေ့အား အတင်းညစ်၍ကိုင်လျက် ညာခြေဖြင့် အနှီလူသား၏ လက်အား နင်းချေလိုက်သည်။

“ကျွန်...ကျွန်တော် လိုက်ပို့ပေးပါ့...ပါ့မယ် ”

“ငါ့ကို လိမ်လို့ကတော့ အသေသတ်ပစ်မယ်”

🔥မှောင်🔥(On Going)Where stories live. Discover now