Part 1

326 10 4
                                    

Uni

တိုက်အမြင့်တစ်နေရာမှလွင့်ပျံ့လာသောခပ်သင်းသင်းဖယ်ရိုမုန်းရနံ့ နှင့်အတူရှိုက်သံအချို့မှာလှိုက်ကာထွက်ပေါ်နေ၏။အထပ်မြင့်တိုက်ဖြစ်သည့်အလျောက်လေတို့မှာတစ်ဖြူးဖြူးတိုက်ခတ်နေလျက်အေးမြလှသည်။သို့သော်ရှိုက်ငိုနေ‌သောအမျိုးသမီး၏ရင်ထဲမှအပူတွေကိုထိုလေအေးအေးကငြိမ်းသက်နိုင်မည့်ပုံမပေါ်။

သူမ အမည်ကား မုန်းမဟူရာ။နာမည်စီးသည်ဘဲဆိုရမလားပင်သူမ၏ဘဝတစ်လျှောက်လုံးချစ်ရသူ၏‌မုန်းခြင်းကိုခံခဲ့ရသည်။သူမသည်သွေးသန့်အမျိုးသမီးအယ်လ်ဖာတစ်ဦးဖြစ်ပြီးအိန္ဒြေရှိကာသိမ်မွေ့နူးညံ့လွန်းလှ၏။ထိုအချင်းအရာကပင်သူမချစ်ရသူမှ သူမအားအနိုင်ယူရန်အကြောင်းပြချက်တစ်ခုဖြစ်လာခဲ့လေသည်။

သူမချစ်ရသူမှာသူမအားမချစ်မနှစ်သက်ပါပဲလက်ထပ်ကာ‌အခြားအမျိုးသမီးတစ်ဦးနှင့်အတူသူမ၏ပိုင်ဆိုင်မှုများအားလုံးကိုသိမ်းပိုက်ပြီးသူမ၏ဘဝအားဖျက်စီးပစ်ခဲ့သည်။မုန်းမဟူရာသိပ်နောင်တရသည်။ထိုလိုလူမျိုးကိုမှသူမ၏အချစ်အလုံးစုံကိုပေးအပ်မိခဲ့သည်။ယခုသူမတွင်အကြွေးပတ်လည်ဝိုင်း၍အကြွေးရှင်များ၏ခြေတော်တင်ခြင်းကိုလည်းခံခဲ့ရသည်။

ထို့ကြောင့်ပင်သူမရှင်သန်နေရသည်ထပ် သေခြင်းကိုသာရွေးချယ်ရသည်ကပို၍ငြိမ်းချမ်းလိမ့်မည်။သူမတိုက်အစွန်အဖျားတွင်ရပ်ကာအောက်ဘက်သို့ငုံ့ကာကြည့်လိုက်သည်။အတော်မြင့်သည်ဘဲသူမသေသွားလျှင်သူမ၏အလောင်းမှကလီစာများအားအကြွေးရှင်များမှထုတ်ယူရောင်းချကြလိမ့်မည်။သို့သော်သူမဂရုမစိုက်ပေ။ဘဝတစ်ခုငြိမ်းချမ်းဖို့အတွက်တစ်စုံတစ်ခုကိုတော့စွန့်လွှတ်ရမည်ပင်။

ထိုသို့တွေးကာသူမအသက်ကို‌ဝအောင်ရှူလိုက်သည်။ထိုဝင်လေသည်သူမအတွက်နောက်ဆုံးဖြစ်နိုင်သည်။ပြီးနောက်သူမအတွေးစတို့ကိုရပ်ပစ်ကာတိုက်အမြင့်ပေါ်မှခုန်ချလိုက်သည်။သူမမြေပြင်နှင့်မထိခင်တွင်သူမခုန်ချလိုက်သည့်တိုက်တွင်နေထိုင်သော‌ ယောကျ်ားဆန်ဆန်ဆံပင်ခပ်တိုတို မျက်ဝန်းပြာလေးနှင့်အမျိုးသမီးတစ်ဦးဟုတ်သည်ထိုအမျိုးသမီးမှာသူမအားတွေ့ကာအံ့ဩသွားသည့်ပုံဖြင့်မျက်ဝန်းများပြူကျယ်သွားခဲ့သည်။

Melody Of Love (Ongoing)Where stories live. Discover now