Part 4

31 3 0
                                    

Uni

"ဟိုလေအစ်ကိုကြီး"

"ပြော"

"ဟိုအိုမီဂါလေးကိုအိမ်ကိုသေချာပြန်ပို့ပေးလိုက်ပါနော်သူကြောက်နေလောက်တယ်"

"မင်းစိတ်ပူမနေပါနဲ့ ငါတို့လူတွေ လုပ်စရာရှိတာလုပ်လိမ့်မယ် မင်းသာတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ရန်ပတ်ဖြစ်တာလျော့"

ထိုစကားကြောင့်သူမသက်ပြင်းချကာ အနောက်ကိုမှီချပြီးကားမှန်အပြင်ကမြင်ကွင်းတွေကိုကြည့်နေလိုက်သည်။အစ်ကိုကြီးပြောသလိုသူမ ကတွေ့ကရာ‌လူတွေနဲ့ရန်ပတ်ဖြစ်နေတာလည်းမဟုတ်လူတစ်ယောက်အန္တရာယ်ဖြစ်နေလို့ကာကွယ်ပေးရုံတင်ကိုအဲ့လောက်တောင်အပြစ်ကြီးသွားသလား။

"မုန်း မင်းတွေးနေတာငါသိတယ်နော်မင်းကာကွယ်တယ်ဆိုရင်တောင်လူတစ်ယောက်ကိုအဲ့လောက်ဆိုးရွားသွားတဲ့အထိမလုပ်သင့်ဘူးလေသူတို့တစ်လလောက်တော့ဆန်ပြုတ်ပဲစားရတော့မှာ"

"ဟာအစ်ကိုကြီးကလည်း သူတို့ကအိုမီဂါလေးကိုလည်းလိုက်ဖမ်းတယ် ရာရာ့ကိုလည်းထိုးတယ်လေ"

"မင်းကတော့လေမင်းဦးလေးငယ်နဲ့တစ်စက်မှမတူဘူး"

"ပါလာပြန်ပြီဦးလေးငယ်ကဆိုင်လည်းမဆိုင်ပဲနဲ့"

သူမထိုသို့ပြောကာ‌မျက်စောင်းထိုးကာအပြင်ဘက်ကိုသာကြည့်နေလိုက်တော့သည်။သူမတိတ်ဆိတ်သွားတော့အစ်ကိုကြီးကစကားဆက်မပြောတော့ပဲကားကိုဆက်မောင်းနေလေသည်။

မုန်းမဟူရာသည်ရဲအဖွဲ့၏လျှို့ဝှက်‌အေးဂျင့်တစ်ဦးဖြစ်ကာအတိုက်အခိုက်ကျွမ်းကျင်သဖြင့်‌ အေးဂျင့်ခေါင်းဆောင်အဖြစ်လျာထားခြင်းခံထားရသူဖြစ်ကာ‌ သွေးအေးသည့်မိန်းမအဖြစ်လည်း ကျော်ကြားသည်။အစ်ကိုကြီးဟူသည်ရဲမှူး ဘုန်းမင်းရာဇာဖြစ်ကာသူမအားအေးဂျင့်တစ်ဦး‌ဖြစ်လာစေရန်လမ်းညွှန်ပေးခဲ့သူဖြစ်သည်။သူထိုအေးဂျင့်အလုပ်ကိုအရင်ဘဝက သဘောမကျခဲ့ ဒီအတိုင်းရာစုသက္ကရာဇ်အားကာကွယ်ချင်သည်ဟူသည့်ရူးကြောင်ဆုံးဖြတ်ချက်ဖြင့်ရဲမှူး၏ကမ်းလှမ်းချက်ကိုလက်ခံခဲ့တာဖြစ်ပြီးထိုအလုပ်ကိုသူမလုပ်နေသည်ကိုဒယ်ဒီရောကိုကြီးရော
ရာစုသက္ကရာဇ်ပါမသိချေ။သူမအခုပြန်မွေးဖွားလာပြီးနောက်ဒီအလုပ်ကိုသဘောကျချင်လာသည်။ဆရာ့ကိုကာကွယ်ပေးမည်။သူမရှိနေရင်ဆရာဘာမှမဖြစ်စေရပါ။ဆရာအကြောင်းတွေးမိတော့ရင်ဘတ်ထဲကအကောင်ကခုန်လာပြန်သည်။သူမတော့ဆရာနဲ့မှရူးတော့မလိုဖြစ်နေပြီ

Melody Of Love (Ongoing)Where stories live. Discover now