Part 8

26 2 0
                                    

Uni

ကောင်းကင်၏ email သို့ရောက်လာသည့်အချက်အလက်များကိုတစ်ခုချင်းဖတ်ရှူ‌ေနလိုက်သည်။ခေါင်းဆောင်၏အမည်ကားဂုဏ်ရှိန်မြင့်မားဖြစ်ပြီးမျိုးရိုးမြင့်သွေးသန့်အယ်လ်ဖာတစ်ဦးဖြစ်ကာ Royal group အားတည်ထောင်သူဖြစ်သည်။ကောင်းကင်အချက်အလက်များကိုဖတ်ကာခေါင်းဆောင်၏အကြိုက်များကိုလည်း Note ထဲတွင်ချရေးထားလိုက်သည်။

"ခေါင်းဆောင်ကအပြာရောင်နုနုလေးတွေကြိုက်တယ် ဟီးခေါင်းဆောင်ကရုပ်ကြမ်းကြီးနဲ့ပေမယ့်အရောင်နုနုလေးတွေကြိုက်တတ်သားပဲ"

ကောင်းကင်တစ်ယောက်တည်းပြောကာရယ်နေမိသည်။လှောင်ရယ်ခြင်းမဟုတ်ပဲကလေးတစ်ယောက်ကို'ချစ်ဖို့ကောင်းလိုက်တာ'လို့ပြောကာရယ်ခြင်းမျိုး။ထိုသို့ဖြင့်ကောင်းကင်ဆက်လက်ဖတ်ရှုနေတုန်းတစ်နေရာအရောက်ရပ်လိုက်မိသည်။ထိုအချက်အလက်အားသေချာဖတ်ကြည့်သည့်အခါ ကောင်းကင် မျက်မှောင်ကြုံ့လိုက်မိသည်။

"ခေါင်း‌ဆောင်ကကားအက်စီဒင့်ဖြစ်ဖူးတာလား"

ကောင်းကင်ထိုစကားကိုတိုးတိုးလေးရေရွတ်ပြီးနောက်အချက်အလက်များကိုဆက်ဖတ်နေလိုက်သည်။

*တီ..တီ..တီ*

သူခေါင်းဆောင်းရဲ့အချက်အလက်တွေနှင့်အချိန်ဇယားတွေကိုဖတ်နေသည်မှာအချိန်မည်မျှကြာသွားသည်မသိ။လက်ပတ်နာရီမှတတီတီမြည်သံကြားမှလက်ထဲမှဖုန်းကိုချကာရေချိုးရန်အဝတ်အစားအပိုရှိမရှိအိမ်တော်ထိန်းကိုမေးမည်ဖြစ်ရာအခန်းထဲမှထွက်ကာအိမ်တော်ထိန်းရှိလောက်မည်ထင်သည့်နေရာများကိုပတ်ရှာခဲ့သည်။သို့သော်မည်သည့်နေရာမှာမှရှာမတွေ့ ထို့ကြောင့်ကောင်းကင်စိတ်ညစ်စွာဖြင့်လှေကားရင်းမှာထိုင်နေလိုက်သည်။ခဏအကြာခြေသံတချိူ့ကြားလာရပြီးခြေသံအနားသို့ရောက်လာသည့်အခါကောင်းကင်ရဲ့ခေါင်းကငုံ့ကာခြေထောက်များကိုကြည့်နေသည်။ထိုမှတဆင့်မျက်နှာကိုမော့ကြည့်သည့်အခါခေါင်းဆောင်ကသူ့ကိုပြန်ငုံ့ကြည့်နေသည်။ကောင်းကင်ရှက်ရွံ့မှုရောကြောက်လန့်မှုပါရော၍ခေါင်းကိုအမြန်ပင်ငုံ့လိုက်မိသည်။‌

You've reached the end of published parts.

⏰ Last updated: Apr 23 ⏰

Add this story to your Library to get notified about new parts!

Melody Of Love (Ongoing)Where stories live. Discover now