Part 7

17 1 0
                                    

Uni

"ကိုသက္ကရာဇ်ကောင်းကင် ဟုတ်တယ်နော်"

"ဗျ ဗျာ ဟုတ် ဟုတ်ပါတယ်"

ကောင်းကင်အတွေးလွန်နေရာမှထိုအသံကြောင့်အသိပြန်ဝင်လာရသည်။ထိုလူ၏အသံကချိုသည်လည်းမဟုတ်အထက်စီးကလည်းမဟုတ်နားဝင်ပျော်သည့်အသံမျိုးထိုလူ၏မျက်ဝန်းနက်နက်တို့ကိုမြင်တိုင်းတစ်စုံတစ်ယောက်ကိုသတိရစေမိသည်။

"စိတ်လှုပ်ရှားနေတာထင်တယ်"

"ဟုတ်နည်းနည်းပါ"

"Cvထဲမှာအရင်ကပညာရေးဝန်ထမ်းလုပ်ခဲ့တယ်လို့ရေးထားတယ်နော်"

"ဟုတ်ပါတယ်ဆရာအလုပ်ကိုတစ်နှစ်ကျော်လုပ်ဖူးပါတယ်"

ကောင်းကင်ပြောလိုက်တော့ဥက္ကဌဆိုသူကခေါင်းတညိတ်ညိတ်ဖြင့် CV form အားဆက်ကြည့်နေသည်။သူတို့နှစ်ဦး၏ကြားတွင်စကားသံတစ်စုံတစ်ရာမကြားရပဲတိတ်ဆိတ်နေသည်။တစ်အောင့်ကြာမှာထိုလူ့ထံမှအသံထွက်လာသည်။

"မင်းရဲ့ formကပြည့်စုံပါတယ်ဒါပေမယ့်မင်းလျှောက်ထားတဲ့နေရာကဘီတာတွေအတွက်တောင်မလွယ်ကူဘူး"

"ကျွန်တော်လုပ်နိုင်ပါတယ်ဗျ"

"မင်းလုပ်နိုင်ပေမယ့်ကိုယ်တို့အုပ်စုကအိုမီဂါလေးတွေကိုကြမ်းကြမ်းတမ်းတမ်းမခိုင်းရက်ပါဘူးတစ်နေရာတော့ရှိတယ် Royal group တည်ထောင်သူရဲ့လက်ထောက်နေ‌ရာမင်းစိတ်ဝင်စားလား"

"ဗျ ဗျာ လက်ထောက်လို့ပြောလိုက်တာလား"

ကောင်းကင်သူ့နားကိုသူမယုံနိုင်ပါသူ့ရဲ့ကံကောင်းခြင်းနေ့ရက်တွေပြန်ရောက်လာပြီထင်ပါသည်။ကောင်းကင်အတွေးလွန်နေရာမှသူ့ရှေ့မှဥက္ကဌကိုကြည့်လိုက်တော့သူ၏အဖြေကိုစောင့်စားနေသည့်ဟန်ကောင်းကင်လည်းအမြန်ပင်ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကျွန်တော်စိတ်ဝင်စားပါတယ်"

"အင်းဒါဆိုမနက်ဖြန်မင်းအိမ်ကပစ္စည်းတွေကိုမင်းနေရမယ့်နေရာကိုပို့ပေးမယ်မင်းကတော့ဒီနေ့ပဲ‌မင်းနေရမယ့်နေရာကိုပို့ပေးပါမယ်"

"ဗျ ဗျာ ချက်ချင်းကြီးလား"

သူဌေးလက်ထောက်ဖြစ်သည့်အလျှောက်
သူဌေးနှင့်နီးနီးကပ်ကပ်နေရမှာသိသော်လည်းထိုသို့ချက်ချင်းပင်ပြောင်းရလိမ့်မည်လို့တော့သူမထင်ထာခဲ့ပေ။ထို့ကြောင့်ပိုသေချာအောင်မေးခွန်းပြန်ထုတ်ရခြင်းပင်။

Melody Of Love (Ongoing)Where stories live. Discover now