𝙴𝚙𝚒𝚜𝚘𝚍𝚎 -12

12.2K 657 127
                                    

"ဆေးလိမ်းလိုက်ရင်တော့ပျောက်မှာပါ၊ရေနွေးက တော်တော်ပူနေတော့ အမာရွတ်တော့ကျန်ခဲ့မယ်ထင်တယ် "

ဂျောင်ဂုလဲ ခေါင်းငြိမ့်ပြလိုက်တော့

"သွားခွင့်ပြုပါအုံးဗျ"

"ဟုတ်ကဲ့ဗျ"

ဆရာဝန်ထွက်သွားတာနဲ့ ငိုမဲ့မဲ့လေးဖြစ်နေတဲ့ဒါရီက အနားကိုလာဖို့ခေါ်သည်။

"ဟင့် သဲငယ်ပေါင်ပေါ်မှာအမာရွတ်ကျန်ခဲ့မယ်တဲ့ ကိုကိုသိတဲ့အတိုင်း ဟင့် သဲငယ်က အတိုဝတ်ရတာ‌ကြိုက်တာကို ဟင့်"

"အမာရွတ်က ရေးရေးလေးပဲထင်မှာပါ သဲငယ်ရဲ့..ကိုယ်တစ်ကမ္ဘာလုံးမှာရှိတဲ့ အမာရွတ်ပျောက်ဆေးတွေရှာပေးမှာမို့ စိတ်မပူနဲ့ ဟုတ်ပြီလား?"

"ဟင့် "

တစ်သိမ့်သိမ့်တုန်အောင်ငိုနေတဲ့ သဲငယ်ကြောင့် ကုတင်ပေါ်၌ တစောင်းဝင်ထိုင်လိုက်ပြီး အပူလောင်ထားတဲ့ ပေါင်တစ်ဖက်ကိုပဲဖယ်ပြီး စောင်ခြုံပေးလိုက်သည်။ပြီးတာနဲ့ သူ့ရင်ခွင်ထဲထည့်ဖက်ပေးထားလိုက်သည်။

"ဟင့် သဲငယ်ကလေ ကိုကိုအဆက်အသွယ်မလုပ်လို့ သူကို သွားပြီး အေးအေးဆေးဆေးပြောပြတာပါ သူက အဲ့တာကို ရန်ရှာတယ်၊သဲငယ်ရှက်လိုက်တာ ကိုကိုရယ် ဟင့် ငိုပဲငိုနိုင်ခဲ့တယ် အဲ့အချိန်တုန်းက"

"နောက်ဆို ကိုယ်မသိဘဲ အဲ့လိုလျှောက်မလုပ်နဲ့နော် ကင်မ်ထယ်ယောင်းက မာယာများတယ်၊အဲ့တာမို့လို့ ကိုယ်စကားနားထောင် သဲငယ်"

အစက ကင်မ်ထယ်ယောင်းကို ယုံပေးခဲ့မိပေမဲ့ အခုတော့မယုံတော့ဘူး။ ယောင်္ကျားလေးတစ်ယောက်ဖြစ်ပြီး မိန်းကလေးတစ်ယောက်ကိုအခုလိုလုပ်ထဲက မင်းက တော်တော်အောက်တန်းကျတယ်။

"ဟုတ်ကဲ့ ဟင့် ကိုကို့က ဘာလို့ပစ်ထားတာလဲ?သဲငယ်ကို မချစ်တော့ဘူး၊အဆက်အသွယ်မလုပ်ချင်တော့ဘူးလို့ ထင်ထားတာ"

"ဘယ်ကသာကွာ၊ကိုယ်အလုပ်တွေပိနေတာ.."

"ဟင့် ဟုတ်ပါပြီ၊ဒါနဲ့လေ သဲငယ်ကအမှန်တွေပဲပြောနေတာပါ သဲငယ်ကိုယုံတယ်မလား?"

"အွန်း ယုံတယ်"

"တော်သေးတာပေါ့..သူပြောသလိုသာဆိုရင် သဲငယ်ကပဲ ကိုယ့်ကိုကိုယ်အနာခံပြီး လုပ်ဇာတ်ခင်းသလိုမျိုးနဲ့ ကိုကိုပြောသလိုပဲ မာယာများလိုက်တာ သူက "

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Where stories live. Discover now