𝙴𝚙𝚒𝚜𝚘𝚍𝚎 -13

12.7K 599 35
                                    

"ကိုကို ထတော့လေ..ကိုကို!"

"အွန်းးဟင်?"

"ကိုကိုလည်ပင်းက ဘာဖြစ်တာလဲ?...ညကလဲ ပြန်မလာပါဘူး‌၊ဘယ်တုန်းကရောက်နေတာလဲ?"

"မနက်1နာရီလောက်ကမှ သဲငယ်"

တစ်ရှုံရှုံ့နဲ့ အနံ့ခံနေတဲ့ သဲငယ်။

"အရက်နံ့ရတယ်..ကိုကိုသောက်လာတာလား?"

"အွန်း နည်းနည်း သဲငယ်"

"ရန်ဖြစ်လာတာလား?ကိုကို့ လည်ပင်းကရော ဘာဖြစ်တာလဲ?"

"ခြစ်မိတာ သဲငယ်"

"ဟုတ်လို့လား?"

"အွန်း ကိုယ့်ကိုမယုံဘူးလား?"

"ယုံပါတယ်..သဲငယ် ဆေးလိမ်းပေးမယ်လေ"

"နေပါစေကွာ..သဲငယ်သာ သက်သောင့်သက်သာနေ ကိုယ်ဟာကိုယ်လိမ်းလိုက်မယ်"

"ဟုတ်ပါပြီ"

"ကိုယ်မနက်စာ သွားယူမှာမို့ သဲငယ်က ငြိမ်ငြိမ်လေးနေကျန်ခဲ့နော် "

"ဟုတ်ကဲ့ပါရှင့် "

"အွန်းးချစ်စရာလေးကွာ"

ပြောရင်းပင် ပါးလေးနှစ်ဖက်ကို အသာညစ်လိုက်သည်။ပြီးတာနဲ့ မနက်စာသွားဝယ်ဖို့ အပြင်ထွက်လိုက်သည်။
အပြင်မသွားခင် လည်ပိတ်long coat ကိုပါ တစ်ပါးတည်းဝတ်လိုက်သည်။

ကိုကိုမနက်စာသွားဝယ်တုန်း ရောက်လာသည့် မယ်ရီ။

"ဟဲ့!ဘာလာလုပ်တာလဲ?"

"ဘာလာလုပ်ရမှာလဲ?သတင်းလာမေးတာပေါ့ နင်ကလဲ"

"ငါအဆင်ပြေနေတာပဲလေ.."

"ဒီလောက်အပူလောင်ပြီး အမာရွတ်ရတာတောင် နင်က အဆင်ပြေနေနိုင်တုန်းပဲနော်..အိုးမို့! ငါသူငယ်ချင်းရဲ့ပေါင်တံလှလှလေး"

"အခုမှတယုတယလုပ်ပြမနေနဲ့..ငါဟာငါဟာလုပ်တာနင်လဲသိရဲ့သားနဲ့ကို"

"ဟဲ့!တိတ်တိတ်နေလေ..နင့်ကိုကိုကြားသွားအုံးမယ်"

"ဟ!မရိုက်နဲ့လေ..ကိုကိုက မနက်စာသွားဝယ်တယ်"

"အေးပါ..ဒါပေမဲ့ နှုတ်လုံတာပဲကောင်းမယ်ထင်တယ်"

"အွန်းပါ"

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Hikayelerin yaşadığı yer. Şimdi keşfedin