𝙴𝚙𝚒𝚜𝚘𝚍𝚎 -14

12.6K 640 47
                                    

မနက်အစောကြီးနိုးပေမဲ့လဲ ဒီနေ့ရုံးမသွားဖြစ်။
နူနာကို အချိန်ပေးမယ်ဟုပြောခဲ့ခြင်းကြောင့်ပင်။

ဟိုတယ်ရှေ့မှာ သူ့ကို စောင့်နေတဲ့ နူနာ။သူ ကားရပ်လိုက်တော့ မှန်ကိုအရင်လာခေါက်သည်လေ။ကားမှန်ကို ဖွင့်ပေးလိုက်တော့....။

"အလုပ်တွေရှိသေးတာကို ကိုယ့်အလုပ်ကိုယ်လုပ်တာ မဟုတ်ဘူး"

"လိုက်ပို့မယ်လို့ပြောခဲ့တာကို လာတက်ခဲ့ချည်"

"မတွေ့တာကြာတယ်ဆို စကားအပြောအဆိုတွေကနော်"

ဆူသလိုလိုနဲ့ပြောလာပြီး ကားထဲဝင်လာတဲ့ နူနာ။

.
.
.
"ကင်မ်ထယ်ယောင်းရော?အဟမ်း!"

"ဟိုနေ့က သခင်လေးဂျွန်နဲ့ဘာဖြစ်ခဲ့လဲမသိပေမဲ့ တစ်ခါမှဒေါသမထွက်ဘူးတဲ့ ကျွန်မတို့သခင်လေးက ‌ဒေါသထိန်းဖို့ အရင်နေနေကြ နေရာကို ပြောင်းသွားပါတယ် သခင်လေးဂျွန်"

"ကျွန်တော့်ကြောင့်လား?"

"မဟုတ်ပါဘူး သခင်လေးက သူ့အကြောင်းနဲ့သူပါရှင့်"

"အွန်း အပြင်မှာပဲ မနက်စာစားတော့မှာမို့ ဒါတွေသိမ်းလိုက်ပါဗျ"

"ဟုတ်ကဲ့ပါရှင့်"

.
.
.
*တီ*

"အွန်း သဲငယ်"

"ကိုကိုရေ..သဲငယ်ကော်ဖီဆိုင်ရောက်နေတာမို့ လာခဲ့ပေးပါလား?"

"ဟော~ကိုယ်နားနေဖို့ပြောတယ်လေ"

"ပျင်းလို့ပါ ကိုကိုကလဲ..လာခဲ့ပေးနော် "

"ဘယ်ဆိုင်လဲ သဲငယ်"

"The beautiful ဆိုင်၊ ကိုကို"

"ဟုတ်ပါပြီဗျ ကိုယ်လဲမနက်စာမစားရသေးတော့ အတော်ပဲ"

"မြန်မြန်လာခဲ့နော်၊သဲငယ်စောင့်နေမှာမို့"

"ဟုတ်ပါပြီဗျ"

ဂျောင်ဂုလဲ ကားကို ဦးတည်ရာပြောင်းလိုက်သည်။
ပြီးတာနဲ့ သဲငယ်ဆီသို့ သွားလိုက်သည်။

.
.
.
"ကော်ဖီဆိုင်ကို အရင်ပို့ပေးနော် အမောင်လူချောလေး"

"ဟော~ရွဲ့တယ် ဒီနူနာတစ်ယောက်နဲ့တော့"

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Where stories live. Discover now