𝙴𝚙𝚒𝚜𝚘𝚍𝚎 -15

12.9K 615 64
                                    

"ကိုကို!ဘယ်သွားမလို့လဲ?"

တစ်နေရာရာကိုသွားဖို့လုပ်နေတဲ့ ကိုကို့ကြောင့် ထယ်ယောင်းစောနက ကားရပ်ထားတဲ့နေရာကနေ ကိုကို့ဆီပြေးသွားလိုက်သည်။

"ရုံးပြန်မလို့လေ"

"ကိုကိုက ဘာလို့ဒေါသထွက်နေတာလဲ?ဘာလဲ?ကင်မ်ထယ်ယောင်းကို ဂျေဝင်နေတာလား..အခုက"

"ဂျေဝင်တာမဟုတ်ဘူး..ဒေါသထွက်နေတာ"

"ကိုကိုနော် သဲငယ်ကိုကျရင် တစ်ခါမှဒီလိုဖြစ်ဖူးတာမဟုတ်ဘဲနဲ့....ဘာလို့?အဲ့ကောင်နဲ့မှလဲ!"

"အရူးလုပ်ထားတာရှိလား?ငါ့ကို"

"ကိုကို!ဘယ်လိုကြီးသုံးနှုန်းလိုက်တာလဲ?"

"ငါမေးတာပဲဖြေ!!"

"ဟင့်..သဲငယ်က ဘာကိုဘာလုပ်ရမှာလဲ?သူက ဘာပြောသွားလဲမသိပေမဲ့ ဟင့်..ကိုကိုက လာအော်နေတယ် တော်ပြီ ဝမ်းနည်းတယ် ဟင့်"

တစ်ရှုံရှုံနဲ့ ငိုနေတဲ့ သဲငယ်ကြောင့် သူကပဲ ဒေါသကိုလျော့ပြီး ရင်ခွင်ထဲထည့်ပေးလိုက်သည်။
ထိုအခါ သဲငယ်က ရုန်းသည်လေ။

"ငြိမ်ငြိမ်နေ သဲငယ်..ကိုယ်ခဏစိတ်လွတ်သွားတာ မငိုနဲ့တော့ တိတ်တော့ "

"ကိုကိုရဲ့အမိန့်စကားသံတွေကို သဘောကျတယ်..ဒါပေမဲ့ မင်းနဲ့ငါ ဆိုတဲ့ အသုံးအနှုန်းကိုတော့ သဘောမကျဘူး ဟင့်"

"အွန်း တိတ်တော့ချည်..ကိုယ်နောက်ဆိုမပြောတော့ဘူးနော် ဟုတ်ပြီလား?"

"ပြီးရော"

"ကြည့်ပါအုံးကွာ..မျက်နှာလေးတွေ နီရဲကုန်ပြီ"

"ဟီးဟီး"

.
.
.
.
.

"သူလား?ဂျွန်ဂျောင်ဂုဆိုတဲ့လူက"

"ဟုတ်တယ် နူနာ"

"တောက်ခ်!မိန်းကလေးတစ်ယောက်နဲ့ပေါ်တင်တွဲနေတာ‌တောင် ရိုးရိုးသားသားလာ‌တဲ့လူတွေကို သူက ပြန်ပြောသေးတယ်နော်..အံဩလွန်းလို့"

"စိတ်လျော့ နူနာ..သူက အဲ့လိုပဲ သူဘက်ပဲသူကြည့်တာ.."

"သူ့‌ဟာမလေးကလဲ မျက်နှာပြောင်တိုင်ချက်ကလဲ လက်လန်တယ်"

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Donde viven las historias. Descúbrelo ahora