𝙴𝚙𝚒𝚜𝚘𝚍𝚎 -20

13.4K 634 58
                                    

ညက တစ်ညလုံးဖက်ပေးထားပေမဲ့ အဖျားတက်တယ်ဆိုတာမျိုးမရှိခဲ့တဲ့ ထယ်ကြောင့် တော်တော်‌ လေး အံဩမိသည်။
ကိုယ်ပူတာကတော့ အခုထိကိုလျော့မသွား၊ပိုလိုပင် ပူကျစ်တောက်လာသည်လေ။

အာဂျီမားဆီက ဆန်ပြုတ်ယူပြီး အပေါ်ထပ်ကိုပြန်တက်လာလိုက်သည်။

"ထယ်!"

ကုတင်ပေါ်က ပျောက်သွားတဲ့ ထယ်ကြောင့် လှမ်းအော်လို‌က်တော့ ဘာသံမှမပေး။

"ထယ်ရေ..ထယ်လို့ အ့"

ရေချိုးခန်းအပြင်ကနေ သွားတိုက်လက်စနဲ့
ထွက်လာပြီး ရေခွက်နဲ့လှမ်းပေါက်တဲ့ ထယ်။

"‌ဪ သွားတိုက်နေတာလား?မသိလိုက်လို့"

ထယ်က သူ့နားလာပြီး ရေခွက်ကို ပြန်လာကောက်ဖို့လုပ်တော့ သူကိုယ်တိုင်ပဲကောက်ပေးလိုက်သည်။
ထိုအခါ ရေခွက်ကိုယူပြီး ရေချိုးခန်းထဲ ပြန်ဝင်သွားသည့် ထယ်။

ဆန်ပြုတ်ပန်းကန်းနဲ့ဆေးကို မီးအိမ်တင်တဲ့ စားပွဲမှာပေါ်မှာ တင်လိုက်ပြီး ကုတင်ပေါ်၌ ထိုင်နေလိုက်သည်။
မျက်နှာသစ်ပြီး ရေချိုးခန်းထဲက ထွက်လာတဲ့ထယ်။
ပြီးတာနဲ့ အခန်းအပြင်ထွက်ဖို့လုပ်နေတော့။

"ထယ်!"

"အွန်း?"

"ဘယ်သွားမို့လဲ?"

"မနက်စာသွားစားမို့လေ"

"ဒီမှာလေ"

"အာ~မမြင်လိုက်လို့"

သူဆီပြန်လျှောက်လာပြီး ဆန်ပြုတ်နဲ့ဆေးထည့်ထားတဲ့ဗန်းကို ယူကာ အပြင်ပြန်ထွက်ဖို့လုပ်နေပြန်တဲ့ ထယ်။

"ထယ် ဒီမှာမစားဘူးလား?နေကောင်းတာလဲမဟုတ်ဘဲနဲ့"

"အဲ့မှာစားစရာတင်လို့ရမဲ့နေရာရှိလို့လား?စားပွဲပေါ်မှာပဲ တင်စားသင့်တာလေ"

"အခုက မင်းနေမှမကောင်းတာ"

"‌နေလား?ကောင်းပါတယ်..အကုန်အဆင်ပြေနေတာမို့ ပုံမှန်အတိုင်းသာနေပါ"

ပြောပြီးတာနဲ့ အခန်းအပြင်ကို ထွက်သွားတဲ့ ထယ်။

"အားရှီးးဘာလို့ အမြဲအဆင်‌ပြေတယ်၊အဆင်ပြေတယ်ပဲ ပြောနေရတာလဲ?စက်ရုပ်ကျနေတာပဲ ဒီလောက်ကိုယ်တွေပူကျစ်တောက်နေတာတောင် သူပုံစံက ဘာမှမဖြစ်သလိုလိုနဲ့ တကယ်ပဲကွာ"

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Where stories live. Discover now