အပိုင်း - ၂

3.5K 115 5
                                    

Uni
.
.
.

တစ်တန်းရောက်တော့ အခန်းကွဲသွားပြီး နှစ်တန်းရောက်တော့ ပြန်ဆုံသည်။ အရင်လို ဖြူဖတ်ဖတ်လေးနဲ့မို့ ပိုးဟပ်ဖြူပုံက အားရစရာမရှိ။ တစ်တန်းမှာ အတန်းကွဲသွားတော့ ခဲတံအတုတ်ကြီးနဲ့ စာပြန်ရေးနေမလား စိုးရိမ်ကာ သွားမေးကြည့်မိ၏။ ခဲတံချွန်ပေးမယ့်လူမရှိမှာ တွေးပူရသည်။

ကုတ်ကုတ်လေးနှင့် စာတော့ကျက်ရှာသည်။

" နေခြည်ထွန်း အလီရပြီလား ''

" အင်း ရပြီ ''

သူငယ်တန်းတုန်းကလို ကိုကျော် မခေါ်တော့။ သူ့ကိုယ်သူလည်း ငါ လို့ သုံးတတ်နေပြီ။

ဆရာမဆီ စာသွားပြန်ကြတော့ သုံးယောက်တစ်တွဲ။ မရတဲ့လူတွေ ဝါး ချရင် ပြန်ပြောဖို့ ဆရာမက သူ့ကိုအနားမှာထား၏။ ပိုးဟပ်ဖြူက အစအဆုံးရတာမို့ သူ့စိတ်ထဲကျေနပ်သွားသည်။ အပြစ်ပေးမခံရစေချင်။

ကိုယ်ကြိုက်တဲ့အတန်းပိုင်ဆရာမ ရွေးအပ်လို့ရတာမို့ ကျူရှင်ကြိုထားကြသည့်ခေတ်ဖြစ်၏။ မေမေကလည်း သူ့ကို နာမည်ကြီးသည့်ဆရာမအတန်းအမြဲရအောင် ကျူရှင်ထားပေးသည်။ ပိုးဟပ်ဖြူကတော့ သူ့အစ်မနဲ့အမြဲလာသည်။ သူ့ကိုလည်း ခင်နေ၏။

၅ တန်းရောက်တော့ မူလတန်းကျောင်းကနေ အထက်တန်းကျောင်းကို ပြောင်းရသည်။

" သားလေး ကျောင်းအပ်သွားရမှာနော် ဒီနေ့ ''

" ဟုတ် မေမေ ''

" ခဏလေး မေမေလိုက်ပို့မယ် ''

" မလိုက်နဲ့တော့ မေမေ။ သား ကြီးပါပြီ ''

မေမေက အခုထိ သူ့ကို ကလေးလို့ထင်နေဆဲပင်။ ပိုးဟပ်ဖြူတောင် လေးတန်းတက်ကတည်းက သူ့စက်ဘီးနဲ့သူ ကျောင်းလာပေမယ့် မေမေကတော့ သူ့ကိုလိုက်ပို့၏။ ကျောင်းပြောင်းပြီးရင်တော့ မေမေလိုက်မပို့တော့ဖို့ တော်တော်လေးပြောယူထားရသည်။

" တူ... တူ... တူ... ''

ပိုးဟပ်ဖြူတို့အိမ်ကို ဖုန်းခေါ်လိုက်တော့ ဖုန်းဝင်ပေမယ့် မကိုင်။ ကျောင်းအပ်လာမလား မေးရင်း ဘယ်ဆရာမဆီတက်မှာလဲ သိချင်၍ဖြစ်သည်။

မခွဲအတူWhere stories live. Discover now