အပိုင်း - ၃၇

2.7K 238 13
                                    

Uni
.
.

ဆိုင်ကယ်ငှားပေးမယ့် သူငယ်ချင်းက ရောက်မလာနိုင်တော့ ကျော်နေမင်း ဖင်တကြွကြွဖြစ်လာသည်။

" နေစမ်းပါကွာ။ လိုက်သွားတာ အေးရောပဲ ''

ကုတင်ဘေး ဒူးတစ်ဖက်ထောင်နေ​ရာကနေ ဝုန်းကနဲထကာ အခန်းထဲက ထွက်လာပြီး အောက်ထပ်ဆင်းလာတော့ မငယ်နဲ့ တန်းတိုး၏။

" ဘယ်လဲ မောင်လေး ''

" သား ခြေကျင်ပဲသွားလိုက်တော့မယ် မငယ်။ ''

" နေပါဦး ဖေဖေလာမှသွားပါ သားသားရဲ့ ''

မငယ်ကတော့ အတင်းလိုက်ဆွဲရှာပေမယ့် ကျော်နေမင်း လက်မခံ။ အိမ်တံခါးဝနားထိဆင်းလာကာ ပိုးဟပ်ဖြူဆီ ဖုန်းပြန်ခေါ်လိုက်တော့ ချက်ချင်းကိုင်၏။

.
.

ကျော့်ဆီက စာတွေ တတိန်တိန်ရောက်ပြီး တောင်းပန်နေတော့ နေခြည့်စိတ်ကလည်း ပျော့သွားရသည်။ ပထမတော့ သွေးဆူနေပြီး ပြဿနာတက်ကာစမို့ မြင်မြင်သမျှ ဒေါသထွက်နေပေမယ့် ငိုချလိုက်ပြီးတဲ့အပြင် ကျော်က တောင်းပန်နေတော့ စိတ်နည်းနည်းငြိမ်သွားတာ​ကြောင့် ဖုန်းထပ်ဝင်လိုက်တော့ ကိုင်လိုက်သည်။

" ဟယ်လို ''

" မိန်းမရေ... မောင်လာခဲ့ပြီနော် ''

" ဟင်... မလာနဲ့ဦး ''

အခုသာ လိုက်လာရင် ဒေါသထွက်နေတဲ့ မမက ဘယ်လိုတွေလုပ်မယ် မသိတာမို့ နေခြည် လိုက်မလာခိုင်းရဲပေ။

" ဘာလို့လဲ မိန်းမရဲ့။ မောင်လည်း မင်းနဲ့ပဲ အတူတူနေလိုက်မယ်။ မင်းဆီမှာပဲနေမယ်။ ဒီပြန်မလာတော့ဘူး ''

" နေဦး ကျော်။ မမက စိတ်အရမ်းတိုနေတာ။ အခုလာရင် အဆင်မပြေလောက်ဘူး ''

" မောင် သေချာတောင်းပန်လိုက်ပါမယ် မိန်းမရယ် ''

အမြဲတမ်း တောင်းပန်လို့ချည်းနေရတဲ့ ကျော့်ကိုလည်း နေခြည်သနားလှသည်။

" မဟုတ်ဘူး ကျော်။ အဲလောက်နဲ့မပြီးဘူးထင်တယ် အခုကိစ္စက။ မေမေကလည်း မမကို တော်တော်ပြောလွှတ်လိုက်တာဆိုတော့ ကျော်တောင်းပန်လိုက်ရုံနဲ့ မမဒေါသက ပြေမသွားလောက်ဘူး ''

မခွဲအတူWhere stories live. Discover now