အပိုင်း - ၁၆

2.6K 132 14
                                    

Uni
.
.
.

နေခြည် ကတုန်ကရင်နဲ့ ဆိုင်ကယ်စီးလာပြီး အိမ်ကိုကျော်သွားမိတာမို့ ပြန်ကွေ့ရသည်။ မေ့လောက်ပြီထင်ပေမယ့် တကယ်တွေ့တော့ စိတ်နဲ့ကိုယ် မကပ်နိုင်အောင်ဖြစ်ရ၏။ အိမ်ပြန်ရောက်တော့ မမရှိနေတာမို့ ဟန်မပျက်အောင် ထိန်းကာ အခန်းထဲဝင်ခဲ့လိုက်သည်။

" ဖြေနိုင်ခဲ့လား ခြည်လေး ''

" ဟုတ် မမ။ ခဏလေးနားဦးမယ် ''

နေခြည် ငိုချင်နေတာမျိုးတော့မရှိ။ ရင်သာ တလှပ်လှပ်ခုန်လို့နေ၏။ ကျော် ဇွတ်အတင်းနမ်းလိုက်တဲ့ နှုတ်ခမ်းလေးကို ဖွဖွတို့ကြည့်သည်။ လက်ပြင်နားက နာသလိုရှိတာမို့ အင်္ကျီကို မ ကာ မှန်ထဲကြည့်လိုက်တော့ နည်းနည်းညိုနေ၏။

" ကျစ် လူကိုအတင်းချုပ်ထားတဲ့ကောင် ''

ဒဏ်ရာကိုကြည့်ကာ နေခြည် ညည်းတွားမိသည်။ နှုတ်ခမ်းကိုပြန်ကြည့်မိတော့ အနည်းငယ် အမ်းလို့နေ၏။ ကြမ်းတမ်းပြောင်းလဲသွားတဲ့ ကျော့်ကို နေခြည်နားလည်ဖို့ခက်နေသည်။ နေခြည်နဲ့တွဲနေတုန်းကဆို ဒီလိုဇွတ်တရွတ်ကြမ်းတမ်းဖို့ ဝေးလို့ လက်ကိုင်လျှင်ပင် နေခြည်နာမှာစိုးလို့ ဖျစ်ညှစ်ကိုင်လေ့မရှိ။

" ငါ့ဟာငါ အေးချမ်းနေတဲ့ဟာကို ကျော်စုတ် ''

ခဏတာပဲ ဖြစ်မှာပါ။ ကျော်က သူ့အမေကို လွန်ဆန်မယ့်သူမျိုးမဟုတ်။ အချိန်တန်ရင်ပြီးသွားမှာလို့ပဲ နေခြည် တွေးဆကာ ရင်ခုန်နေတာကို ထိန်းသိမ်းလိုက်သည်။ ခဏ နားကာ ရေမိုးချိုးပြီး ပေ့မှာ စျေးရောင်းပို့စ်တင်ဖို့လုပ်ရမည်။ စာမေးပွဲဖြေဖို့ ပြင်ကတည်းက နားနေတာမလား။

" ခြည်လေး နေကောင်းရဲ့လား ''

" ဟုတ် မမ နေကောင်းတယ် ''

နေခြည် ပြန်ဖြေရင်း ရေချိုးဖို့ အခန်းထဲက ထွက်လာခဲ့လိုက်သည်။

" နှုတ်ခမ်းက ဘာဖြစ်တာလဲ ''

မမက နေခြည့်ကို ဂရုတစိုက်ရှိတာမို့ အနည်းပြောင်းလဲတာကအစ သတိထားမိ၏။

" ဪ ဟိုလေ စာမေးပွဲဖြေရင်းနဲ့ စဥ်းစားရင်း... ကိုင်မိတာထင်တယ် မမ။ အရမ်းကြီး ဆိုးလို့လား ''

မခွဲအတူWhere stories live. Discover now