အပိုင်း - ၂၂

2.6K 140 37
                                    

Uni
.
.

" ပြန်ရောက်မှ ဖုန်းဆက်လိုက်မယ်နော် ''

ပြန်ကာနီး ပိုးဟပ်ဖြူနားတိုးကပ်ကာ ပြောတော့ ရှက်ကာ ခေါင်းငြိမ့်ပြလေသည်။ ဒီဖြူဖြူသေးသေးလေးကို အူယားလွန်းလို့ တစ်နေကုန် ဖက်နမ်းနေလိုက်ချင်သည်။ ပိုးဟပ်ဖြူက အရင်ကထက်ကို ပိုချစ်ဖို့ကောင်းနေလေ၏။

" ချစ်လိုက်တာကွာ ''

နား ထဲတိုးကပ်ကာ ပြောသလိုလိုနဲ့ ပါးကို ခပ်ဖွဖွနမ်းတော့ သူ့ဗိုက်ကို ဆွဲဆိတ်တော့၏။

" အား နာတယ်ကွ ''

" သွားတော့မယ် ဟွန့် ''

ချစ်သူပြန်ဖြစ်တာ မိနစ်ပိုင်းပဲရှိသေး အရင်လိုပဲ စိတ်ကောက်တတ်တဲ့ ဗီဇပြန်ပေါ်လာတဲ့ ပိုးဟပ်ဖြူကြောင့် ကျော်နေမင်း ရယ်မိသည်။ သူ့အပေါ်မှာပဲ ထုတ်ပြတတ်တဲ့ ပိုးဟပ်ဖြူရဲ့စိတ်ရင်းအမှန်မို့ တစ်သက်လုံး စိတ်ကောက်ပြီး ဗိုလ်ကျနေရင်တောင် သူကတော့ အလိုလိုက်သွားမှာဖြစ်၏။
.
.

အိမ်ပြန်ရောက်တာနဲ့ ပိုးဟပ်ဖြူဆီ ဖုန်းဆက်ကာ အလွမ်းသယ်ရသည်။ ဝေးကွာနေတဲ့ တီတီတာတာအသံလေးကို ပြန်ကြားလိုက်ရတော့ ကျော်နေမင်း ရင်ထဲ ကလိကလိဖြစ်နေ၏။ ဖုန်းပြောရင်း အသည်းယားကာ အခန်းထဲက အလှပန်းပင်ရဲ့ အရွက်တွေကို ဆိတ်နေမိတာကို ဖုန်းပြောပြီးမှ သတိထားမိတော့ ပန်းပင်လေးမှာ အရွက်တွေတစ်ရွက်မှ မရှိတော့ပေ။

" ဟ ကောင်းရော။ မေမေဆူတော့မှာပဲ ''

ဒီတစ်ခါတော့ ကျော်နေမင်း သတ္တိမွေးထားသည်။ မေမေ ဘာပဲပြောပြော ပိုးဟပ်ဖြူကို မပြတ်နိုင်ကြောင်း ကြေညာရမည်။ မျိုးရိုးလည်းကောင်း အကျင့်စာရိတ္တပိုင်းမှာလည်း ချို့ယွင်းချက်မရှိတဲ့ ပိုးဟပ်ဖြူကို မေမေက ခါးခါးသီးသီမုန်းနေခြင်းအား သူနားမလည်နိုင်။
.
.

" မောင် ကျောင်းပြီးရင် လက်ထပ်ကြမယ် ပိုးဟပ်ဖြူ။ ပိုက်ဆံတွေစုထားတယ်။ မုန့်ဖိုးလွှဲထားတယ်နော်။ များများစား ''

ဖုန်းဆက်တဲ့အချိန် ကျော့်ဆီက ထွက်လာတဲ့ စကားကြောင့် နေခြည် ငိုပင်ငိုချင်သွားရသည်။ တွဲခဲ့တဲ့ တောက်လျှောက် နေခြည်က ကျော့်အပေါ်ဆိုးခဲ့ပေမယ့် စိတ်ပျက်သွားတာမျိုးမရှိသည့် အပြင် တစ်ဘဝလုံးစာအတွက်ပါ အလေးအနက်ထားပေးသေး၏။

မခွဲအတူWhere stories live. Discover now