အပိုင်း - ၁၇

2.6K 150 36
                                    

Uni
.
.
.

မှာထားတဲ့ ပစ္စည်းတွေရောက်တဲ့နေ့မို့ နေခြည်တို့အိမ်မှာ လူစည်နေသည်။ မြို့ကျဥ်းကျဥ်းမို့ နေခြည် အပြင်သွားရင်း လမ်းကြုံဝင်ပို့ပေးသလို ရောက်တာနဲ့ချက်ချင်း လာယူတဲ့သူတွေကလည်း လာယူကြသည်။

" ဟယ် ဒါ ညအိပ်ဝမ်းဆက်လေးမလား။ ဘယ်လောက်ရောင်းတာလဲ ညီမလေး ''

" အဲဒါလေးက ၉၅၀၀ မမ ''

" သူများမှာထားပြီးသားလား ''

" ဟုတ်တယ် မမ ''

" အစ်မက ညီမလေးရောင်းမှန်းမသိလို့ ဟိုတစ်ခါ တခြားမှာဝယ်တာ တစ်သောင်းခွဲပေးခဲ့ရတယ်။ ဒီအသား ဒီပုံစံပဲ ''

" နောက်ဆို သမီးဆီအရင်မေးလေ မမရဲ့ ''

" အေးပါဟယ်။ ဒါလေးက အစ်မမှာထားတဲ့ တီရှပ်မလား။ သုံးထည်နော် ''

" ဟုတ် မမ ''

" တစ်ထည် ၆၅၀၀ နော်။ အစ်မ သိပ်တောင် မမှတ်မိတော့ဘူး ''

" ဟုတ် မမ သုံးထည်ဆိုတော့ ၁၉၅၀၀ပါ။ ၅၀၀ အစွန်းထွက်လေးလျှော့ပေးမယ် မမ။ ဒီ handmade ခေါင်းစည်းကွင်းလေး လက်ဆောင်ပါရှင် ''

" ကဲ နောက်တစ်ခါလည်း ငါ့ညီမဆီကပဲ မှာရမယ် ''

နေခြည်က ခပ်အေးအေးလေးနဲ့ စျေးဝယ်တဲ့သူတွေချစ်အောင် ပြောတတ်ဆိုတတ်တာမို့ စျေးရောင်းတဖြည်းဖြည်းကောင်းလာသည်။ ခေါင်းစည်းကွင်းလေးတွေ လက်ဆောင်ပေးဖြစ်တော့ ဘာရယ်မဟုတ် နေခြည့်အတွက် ခေါင်းစည်းကွင်း အမြဲယူလာပေးခဲ့တဲ့ ကျော့်ကို လွမ်းမိသည်။ ပြန်မတွဲတော့တာ တစ်ပိုင်းပေမယ့် ချစ်တာမို့ မမေ့နိုင်တာကလည်း သပ်သပ်ဖြစ်၏။

" နေခြည် နင့် page ကို boost လုပ်လေ။ ''

Digital ပိုင်း နည်းနည်းရတဲ့ သူငယ်ချင်းက ဝယ်ထားတဲ့ ပစ္စည်းလာယူရင်း အကြံပေးသည်။

" အေး ကောင်းတဲ့ Service လေးရှိရင် ပြောဦးဟ ''

" အေအေ ငါ အိမ်ရောက်မှ နင့်ဆီ ပို့ထားမယ်။ ငါ့ဟာက ဘယ်မှာလဲ ''

မမ ပြန်လာတဲ့အချိန်ထိ ပစ္စည်းလာယူကြတဲ့သူတွေက မပြတ်ဘဲ မိန်းကလေးတွေ များတာမို့ အိမ်ကလည်း ရယ်သံတွေ သောသောညံနေ၏။

မခွဲအတူWhere stories live. Discover now