အပိုင်း(၁)

5.6K 142 0
                                    

သာယာတဲ့မနက်ခင်းလေးတစ်ခု၊ပြတင်းပေါက်ကနေဖြာကျလာတဲ့နေမင်းရဲ့အလင်းရောင်ဟာအခန်းတစ်ခုထဲသို့ကျရောက်လို့လာတယ်။မျက်လုံးနှုတ်ခမ်းတွေဟာနေရောင်အောက်မှာသိပ်ကြည့်လို့ကောင်းလိုက်တာ။မျက်ခုံးမွှေးထူထူလေးတွေနဲ့မျက်မှောင်ကျုံရင်းထလာတဲ့ဒီလူဟာခန့်ညားမှုတွေရာနှုန်းပြည့်ပိုင်ဆိုင်ထားတယ်ဆိုတာကြည့်ရုံနဲ့တင်သိနိုင်တယ်

"တကယ်ပါဘဲကွာမနက်ကိုရောက်လာပြန်ပြီ၊အိပ်ရေးမဝလိုက်တာ"

ဘယ်လောက်ဘဲညဥ်းတွားညဥ်းတွားခုတင်ပေါ်ကထ ရေချိုးခန်းထဲဝင်ရေချိုးဖို့ပြင်ဆင်နေတဲ့ဒီလူသားဟာဘယ်လိုလူမျိုးပါလိမ့်နော်

ရေချိုးခန်းထဲကထွက်တာနဲ့ရေတွေတွဲခိုနေတဲ့မျက်နှာလေးဟာမိန်းမပျိုတွေအတွက်ရင်ခုန်ချင်စရာကြီးပါလား။ဗီရိုထဲကအကျီအနက်၊ဘောင်းဘီအနက်ကိုစတိုင်ကျကျဝတ်ပြီးမှန်ရှေ့မှာပြင်ဆင်နေလေရဲ့

"Perfect ဘဲ"

အခန်းထဲကနေထွက်လှေကားကိုတထစ်ချင်းဆင်းနေပုံ၊လှေကားလက်ကိုင်ကိုအသာယာကိုင်ဆင်းနေပုံကိုတွေးကြည့်ရုံနဲ့တင်ရူးလောက်စရာဘဲ

"ရှိူင်းနိုးပြီလား"

"ဟုတ်နိုးပြီမာမီ"

"ကျစ်..မနက်ခင်းနိုးတာနဲ့မမြင်ချင်တဲ့မျက်နှာကမြင်ရပြီ"

"ဖေကြီး ကလေးကိုဘယ်လိုပြောလိုက်တာလဲ"

"ငါပြောတာဘာမှားနေလို့လဲ၊ကိုယ်ဘာသာအမလားအထီးလားမသိတဲ့ကောင်၊တစ်အိမ်ထဲနေရတာတောင်ရွံတယ်"

ဟုတ်ပါသည်။ခွန်းရှိုင်းဆက်မောင်ဟာမိန်းကလေးတစ်ယောက်ဖြစ်သော်
လည်းယွကျားလေးဘဝကိုခံယူထားတဲ့သူတစ်ယောက်၊အပြောင်းအလဲတွေအများကြီးလုပ်ထားတာကြောင့်လူတိုင်းယွကျားလေးလို့ထင်ရလောက်အောင်ကိုဘော်ဒီတွေကအစမိုက်တဲ့လူတစ်ယောက်။

"ရှိုင်း ဘယ်သွားမို့လဲ"

"ကျွန်တော်ကျောင်းသွားတော့မယ်မာမီ"

"မနက်စာမစားတော့ဖူးလား၊မာမီရှိူင်းကြိုက်တဲ့အုန့်နို့ခေါက်ဆွဲလေးလုပ်ထားတယ်လေ"

မောင့်ရဲ့ဒဏ်ရာ [Completed]Where stories live. Discover now