အပိုင်း(၁၉)

1.3K 69 0
                                    

"ဒီ​​နေ့သူမကိုဖွင့်​​ပြောရမယ်"

"ဒါမယ့်ငါဘယ်လိုဖွင့်ပြောရမလဲအစ်မကိုကျွန်တော်ချစ်တယ်ပြောရမာလားကျွန်တော့်ကိုလက်ထပ်ပါပြောရမလား..၊လက်ထပ်ဖို့ပြောရင်တော့ပါးချခံရမှာသေချာတယ်"

ကားထဲတွင်ဖွင့်ပြောရဖို့အတွက်စကားပေါင်းသောင်းခြောက်ထောင်နဲ့ရွာလည်နေသောကင်

"ငါရုပ်ကအဆင်ကောပြေရဲ့လား၊သူမပြန်ကြိုက်ပါ့မလား"

"အာ..စိတ်ရူပ်လိုက်တာ"

ကမ္ဘာပျက်နေတုန်းမှာသူ့အချစ်ကလေးကအိမ်ထဲကနေကိုထွက်လာပြီ

"ဟူး..ကင်မင်းလုပ်နိုင်တယ်"

"အစ်မနွယ်"

"ဟင်ဘယ်သူလဲ"

"ဟိုကျွန်တော်က"

တီ..တီ

"နွယ်အကိုရောက်ပြီ၊ဒါနဲ့သူက..."

"ဪညီလေးကင်ဘဲဘာကိစ္စရှိလို့လဲ"

"အကိုကသူ့ကိုသိတာလား"

"အွန်းသိတယ်လေသူကရှိူင်းရဲ့လက်ထောက်၊အိမ်ကိုအမြဲတမ်းလာတယ်"

"ဪဟုတ်လား၊ဒါနဲ့ဒီကမောင်လေးခုနကခေါ်တာဘာလို့လဲ"

"ဟိုဘာ..ဘာမှမဟုတ်တော့ပါဖူး"

"ဟုတ်ပါပြီရှင်၊ဒါဆိုအစ်မတို့ကိုခွင့်ပြုပါဦး"

"ညီလေးကင်အကိုသွားပြီနော်"

"ဟုတ်..ဟုတ်ကဲ့အကို"

အပိုင်း(၁)ဇာတ်သိမ်းဆိုသလိုဘဲမစရသေးခင်မှာအဆုံးသတ်သွားရပြီ၊မေးစရာတောင်မလိုဘဲအကြည့်နဲ့တင်သူတို့နှစ်ယောက်အတွဲဆိုတာသိသာပါတယ်။အစ်မနွယ်ကလည်းအကို့လက်ကိုတွဲထားလိုက်တာဆိုတာအရှေ့မှာကိုယ်တောင်မရှိနေသလိုဘဲ..

"ကင်..မင်းဘဝကမလှလိုက်တာ"
******************************
"နွယ်၊ခုနကညီလေးနဲ့သိတာလား"

"ဟင့်အင့်မသိဖူး"

"မသိတာကိုသူကဘယ်လိုကနေနွယ်နဲ့စကားပြောနေတာလဲ"

"အကိုရယ်သဝန်တိုနေပြန်ပြီ"

"သဝန်တိုတာမဟုတ်ပါဖူး"

"ဒါမယ့်လေအခုကရှိူင်းရဲ့လက်ထောက်ဆိုတော့ရှိူင်းကခိုင်းတဲ့ကိစ္စများလား"

မောင့်ရဲ့ဒဏ်ရာ [Completed]Where stories live. Discover now