အပိုင်း(၃)

1.9K 91 0
                                    

"ကိုခွန်းရှိုင်းသက်နောင်ရေ၊ကိုခွန်းရှိုင်းသက်နောင်ထပါဦး"

"ဟင်ဟင်ယဥ်ဘာဖြစ်လို့လဲ"

"ကျွန်မ မနက်ကအငယ်လေးအခန်းထဲဝင်ကြည့်တာအငယ်လေးကိုမတွေ့ဖူး"

"အောက်ထပ်မှာနေမှာပါ"

"မရှိဖူးတော်ရဲ့ကျွန်မတစ်အိမ်လုံးလိုက်ရှာပြီးပြီ၊အန်တီတင်နဲ့လေးဘစောကိုလည်းမေးပေမယ့်မတွေ့မိဖူးတဲ့"

"ဖုန်းဆက်ကြည့်ပါဦးယဥ်ရာ"

"ဆက်တယ်မကိုင်ဖူး၊စက်ပိတ်ထားတယ်တဲ့ရှင့်၊ညကရှင်တို့လုပ်လို့များထွက်သွားတာလားမသိဖူး.....ဟင့်...ကျွန်မကလေးလေး....ကျွန်မကလေးလေး..."

"ယဥ်....၊ယဥ်...."

"အမေ့ကျွန်တော်ပြန်ရောက်ပြီဒီမှာအမေ့အကြိုက်မုန့်ဟင်းခါး....."

"ခွန်းကလျာမောင်!"

ဒေါသသံနဲ့အော်ခေါ်လိုက်တဲ့အဖေ၊မျက်တောင့်နီကြီးနဲ့ကြည့်နေတဲ့အကိုဖြစ်သူ...

"ဟုတ်ကဲ့"

ခွပ်

"မင်းဘယ်လိုလုပ်လိုက်တာလဲဟမ်!အမေ့ကိုမင်းသေစေချင်နေတာလားခွန်းကလျာမောင်!"

"ဗျာ...အမေ..ဘာဖြစ်လို့လဲ..အမေကောဟင်...အန်တီတင်...ကျွန်တော့်အမေကော"

"တော်!မင်းကငါတို့မိသားစုမှာမွေးလာထဲကတကယ့်ဂျိုကောင်ဘဲ အခုအိမ်ပေါ်ကဆင်းစမ်း!"

"မလုပ်ပါနဲ့အဖေရယ်..ဟင့်..ကျွန်တော်...ကျွန်တော်....အမေ့ကိုတွေ့ချင်တယ်၊အမေဘယ်မှာလဲဟင်.."

"အခုဆင်းစမ်း၊ကျက်သရေတုန်းကောင်၊လေးဘစောအဲ့ကောင်ကိုခြံပြင်ဆွဲထုတ်လိုက်"

"သက်နောင်ရယ်၊ကလေးကိုအဲ့လောက်ထိမရက်စက်ပါနဲ့၊သူအပြစ်လည်းဘယ်ဟုတ်မလဲကွယ်၊အန်တီတင်ကြားထဲကနေတောင်းပန်ပါတယ်"

"လာ..လာ၊ကလျာမောင်မင်းမေဆီသွားမယ်"

"အမေ့...ဟင့်..၊ကျွန်တော်တောင်းပန်ပါတယ်..ဟင့်"

"အငယ်လေး၊အမေ့ကလေးလေးဘယ်တွေသွားနေတာလဲကွယ်အမေမှာစိတ်ပူလိုက်ရတာ"

မောင့်ရဲ့ဒဏ်ရာ [Completed]Where stories live. Discover now