အပိုင်း(၂)

2.3K 97 0
                                    

"ဘာလိုလိုနဲ့မောင်မယ်သစ်ရွေးပွဲတောင်ရောက်လာပြီ"

"ဒီနေ့ဘယ်ကလေးတွေရမလဲမသိဖူးနော်"

"ငါကတော့ဟိုမျက်မှန်လေးနဲ့ကလေးမလေးရမယ်ထင်တာဘဲ"

"ငါကတော့အသားညိုညိုအဆင်လေးကိုရစေချင်တယ်"

"သက်ထားနင်ကလေတနှာစိတ်မပါရင်စကားကိုမပြောတတ်ဖူးလား.."

"ဟွန့်"

"ဒါနဲရှိူင်း မင်းကောဘယ်သူရမယ်ထင်လဲ"

"ဘယ်သူရရပါငါကတော့ဂရုမစိုက်ပါဖူး"

**********************************
မောင်မယ်သစ်ရွေးပွဲ

ကြွရောက်လာကြတဲ့ကျောင်းအုပ်ကြီးနှင့်တကွဆရာ/ဆရာမများအားလုံးမင်္ဂလာပါ၊ကျွန်တော်ကတော့အစီအစဥ်တင်ဆက်သူမောင်ဖြိုးရန်နိုင်ဖြစ်ပြီး
ကျွန်မကတော့မလဲ့ယုဖြစ်ပါတယ်။

"ဟိုကောင်ရှိူင်းအင်္ကျီသွားလဲတာအခုထိမလာသေးဖူးလား"

"လွမ်းခန့်ရယ် နင့်သူငယ်ချင်းအကြောင်းမသိတာလည်းမဟုတ်ဖူး"

"ငါသိပါတယ်၊ဒါမယ့်ဟိုမှာအစီအစဥ်ကခေါ်တော့မှာ၊နွယ်တောင်ရောက်နေပြီအဲ့ကောင်ကမလာသေးလို့လေ"

"လာမှာပါဟာပူမနေနဲ့"

အစီအစဥ်အရေကျောင်း၏မောင်မယ်သစ်များကိုကြေငြာပေးမှာဘဲဖြစ်ပါတယ်ရှင်။မောင်မယ်သစ်ရွေးပွဲတွင်Queenနေရာရရှိသူကတော့မ.....မေမြတ်နိုးဘဲဖြစ်ပါတယ်။

"မြတ်နိုး...မြတ်နိုး...မြတ်နိုး"[ကျောင်းသားများ၏အော်ခေါ်သံ]

"ငါပြောသားဘဲမှန်ကြောင်ကောင်မလေးရမယ်ဆိုတာ"

"နင်ကအေမိစျာန်မဟုတ်တဲ့သက်မိစျာန်၊ဟား...ဟား..."

"ကောင်စုတ် နင်နော်"

"ကဲနင်တို့ရန်ဖြစ်မနေကြနဲ့ ရှိူင်းကလည်းခုထိကိုမလာသေးဖူးKingကရွေးတော့မှာပါဆို"

"အဲ့ကောင်ပြန်မပေးချင်လို့မလာတာလားမသိဖူး"

"ဟုတ်ကဲ့ခင်ဗျာ့၊ဆက်လက်ပြီးKing နေရာကိုရရှိသွားသူကတော့....မောင်.....ဟိန်း...သူရဘဲဖြစ်ပါတယ်ဗျာ့"

မောင့်ရဲ့ဒဏ်ရာ [Completed]Where stories live. Discover now