အပိုင်း(၈)

1.5K 81 0
                                    

"သွားပြီ...သွားပြီ၊အကုန်သဲထဲရေသွန်ဖြစ်သွားပြီ"

"အဖေ၊ကျွန်တော်ကျောင်းထွက်ပြီးရှာပေးပါ့မယ်"

"မရှာနဲ့သား၊မင်းဒီတစ်နှစ်ပြီးရင်ဆရာဝန်ဖြစ်တော့မှာမို့လား၊အဖေရအောင်လုပ်ပေးမယ်မင်းသာစာကြိုးစား"

"ဒါမယ့်..."

"သားကြီး!အဖေဒေါသမဖြစ်ချင်ဖူး၊အဖေပြောတဲ့အတိုင်းသာလုပ်"

"ဟုတ်ကဲ့"

အဲ့လိုနဲ့သူများအားကျရတဲ့မိသားစုကပျက်စီးသွားသလိုစီးပွားရေးလည်းအတင်းရုန်းကန်ခဲ့ရတော့တယ်။ဒီလိုတွေဖြစ်လာပြီးနောက်အဖေမေတ္တာ၊အကိုမေတ္တာကိုမရတော့တဲ့ကလျာ.....

***********************
လက်ရှိအချိန်ကာလ

"ဖေဖေရေ....မေမေ့ကိုခေါ်မရတော့ဖူး၊ကိုကိုရေ...လုပ်ပါဦး"

"ယဥ်..မိန်းမ..ယဥ်ရေ၊အကို့ကိုမနောက်ရဖူးလေယဥ်...."

တော်ဝင်နှင်းဆီ...

ဒီဆေးရုံကိုဒုတိယအကြိမ်ပြန်ခြေချချင်းဘဲလွန်ခဲ့တဲ့၇နှစ်ကတစ်ခါအခုတစ်ခါ....

"ထပ်ပြီး...ထပ်ပြီးဒီအခန်းရှေ့ရောက်ရပြန်ပြီ"

ကျွီ....

"ဆရာ..ကျွန်တော့်မိန်းမအခြေအနေလေး..."

"လူနာကစိုးရိမ်စရာမရှိတော့ပါဖူး၊ဒါမယ့်..."

"ဒါမယ့်ဘာဖြစ်လဲဆရာ"

"ဟုတ်ကဲ့၊လူနာနှလုံးကအခြေအနေသိပ်မဟန်ဖူးဗျာ့နောက်ပြီးအစားထိုးကုသမှုလုပ်မှကိုဖြစ်မှာ"

"ကျွန်တော်အကုန်ဖြစ်အောင်လုပ်ပေးပါ့မယ်၊ငွေကုန်လဲအဆင်ပြေပါတယ်ကျွန်တော့်မိန်းမကိုသာကယ်ပေးပါ"

"အစွမ်းကုန်ကျွန်တော်တို့ကယ်တင်မှာပါ"

"ဟုတ်ကဲ့ကယ်ပေးပါဆရာရယ်"

************************
"အမေ၊ဆန်ပြုတ်လေးသောက်ရမယ်နော်၊နောက်ပြီးဆေးလည်းသောက်ရမယ်"

"အင်း..သောက်မှာပေါ့အမေ့သမီးလေးရယ်"

"ဟုတ်..အမေနေပြန်ကောင်းရမယ်နော်၊အသက်ကိုလည်းဝဝရူရမယ်"

မောင့်ရဲ့ဒဏ်ရာ [Completed]Where stories live. Discover now