Part 5

2K 174 6
                                    

U+Z

ဖမ်းမိသူတွေထဲမှာ စောရပိုင်ကနှုတ်ဆိတ်နေသည်။ စောရပိုင်ကိုကြည့်လိုက်ရင် မျက်လုံးမှိတ်ထားတာကိုပဲတွေ့ရမှာဖြစ်ပြီး မျိုးမျိုးရဲ့ပထွေးဆိုသူရဲ့အမှုတွေကလည်းအများကြီးရှိသည်။ သူရပိုင်တို့ ပရဟိတ ကျောင်းကိုသွားနေတုန်း နောက်မှာ ဒီနေ့ တစ်ယောက်ခြင်းဆီရဲ့အမှုကိုလိုက်နေရတာဖြစ်သည်။

"ဦးထွေးဘို"

မျိုးမျိုးရဲ့ပထွေးဖြစ်သူ ဦးထွေးဘိုက စောရပိုင်ရဲ့လိုအပ်ချက်တွေကို တစ်ရွာပြီးတစ်ရွာပြောင်းပြီး လိုက်လုပ်ပေးနေတဲ့သူလို့ သူတို့ယူဆသည်။ ဦးထွေးဘိုရဲ့ ပြစ်မှုမှတ်တမ်းတွေက တခြားရွာဘက်မှာလည်း ရှိနေပြီး ဦးထွေးဘိုက ရွာတစ်ရွာမှာ ၃ နှစ် ဒါမှမဟုတ် ၅ နှစ်လောက်နေတာကိုတွေ့ရသည်။ ကြည့်ရတာ ရွာတစ်ရွာမှာသူတို့ရည်ရွယ်ချက်ပြည့်ဖို့အတွက် နေရတဲ့နှစ်ကွာတာဖြစ်လောက်သည်။

"သေဆုံးသူရဲ့ မိခင်ကို ခေါ်ထား သူရ"

"ဟုတ်ကဲ့ အစ်ကို"

ပရဟိတ ကျောင်းမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတော့ ရွာသားတွေလဲ တလန့်လန့်ဖြစ်သွားနေသည်။ ရွာလူကြီးကိုတော့ ထိန်းသိမ်းထားပြီး စောင့်ကြည့်နေကြသည်။ ရွာသားတွေရဲ့ အချက်အလက်တွေက ရွာလူကြီးပေးတယ်ဆိုတာ သေချာတာထက်ပိုသည်။ ရွာလူကြီးက ဒီကိစ္စမှာအကျိုးအမြတ်ဘာရထားလဲ။ သူတို့တွေ့ရှိထားတဲ့ စာရင်းစာအုပ်အပြင် ဘာတွေထပ်ရှိနိုင်လဲသိရဖို့ ထိုကျောင်းဝန်းထဲကို အသေးစိပ် ရှာဖွေမှုတွေလုပ်နေ၏။ 

သူရက ဦးထွေးဘိုကို မေးမြန်းမှုတွေလုပ်နေပြီး တစ်ဖက်က စောရပိုင်ကိုတော့ အခန်းထဲမှာထည့်ပြီး သူတို့အားလုံးအပြင်ကစောင့်ကြည့်နေကြသည်။ ဒီအထဲကိုစောရပိုင်ရောက်လာထဲက ဒီအတိုင်းမျက်လုံးမှိတ်ကာမှီပြီးထိုင်နေပြီး လှုပ်ရှားမှုမပြုသေးသလို ဘာစကားမှလဲပြောလာခြင်းမရှိပေ။ သူရက ဦးထွေးဘိုကိုမြေးမြန်းနေပြီး ဒီနေ့က ရွာလူကြီးကိုစစ်မေးနေတာဖြစ်သည်။ ရွာမှာသေဆုံးသွားတဲ့သေဆုံးသူတွေရဲ့စာရင်းကိုလည်း သူတို့ရနေပြီဖြစ်ပေမယ့် သေဆုံးချိန်ဘယ်လိုအကြောင်းအရာနဲ့သေဆုံးသွားတာလဲကို မသိရှိနိုင်တော့တဲ့အတွက် ရွာလူကြီးနဲ့ကျန်ရစ်သူတွေဆီက အဖြေသိရမှာဖြစ်တော့မှာ။

D-Day [Complete]Where stories live. Discover now