Part 11

1.7K 147 5
                                    

U+Z

"ကိုသတိုး ဒီကိုသပ်သပ်ပဲလား"

"အလုပ်ကိစ္စရှိလို့ အစ်ကိုရေ။ အစ်ကိုရော"

"ကျွန်တော်လဲ အလုပ်ကိစ္စရှိလို့။ အခုတော့ ပြီးသွားပါပြီ ပြန်တော့မလို့ပဲ"

"ကျွန်တော်လဲ စကားပြောပြီးပြီ။ ကိုမင်းလွင်နဲ့အပြင်မှာဆုံတုန်းက နေ့လယ်စာ စားသွားကြမလား"

"ကောင်းသားပဲ"

အိမ်ချင်းကပ်လျက်သာနေကြတာ တကယ်တမ်းသိပ်တွေ့ဖြစ်တာမဟုတ်ဘူး။ သူလည်းသူ့အလုပ်နဲ့သူ ကိုယ်လည်းကိုယ့်အလုပ်နဲ့ကိုဆိုတော့။ အဖေနှစ်ယောက် ကြယ်ငါးပွင့်ရှိတဲ့ဟိုတယ်အောက်က မြန်မာထမင်းဟင်းရတဲ့ဆိုင်မှာပဲ ထိုင်လိုက်ပြီးအတူနေ့လယ်စာ စားဖို့လုပ်လိုက်သည်။ ဒီလိုဆုံတုန်းလေး စကားလေးဘာလေးလဲ ပြောလို့ရမှာ။

"လုပ်ငန်းရော နေသားတကျဖြစ်သွားပြီမလား ကိုသတိုး"

"ဖြစ်သွားပြီ အစ်ကိုရေ။ မိတ်ဆွေဟောင်းတွေနဲ့ပြန်ဆက်သွယ်ပြီး စကားလေးဘာလေးပြောရတာပေါ့"

"ဟုတ်တယ်။ ဒီလိုပဲ လုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် မိတ်ဆွေတွေနဲ့က အဆက်အပြတ်ချိတ်ဆက်နေရတာပဲ။ ကျွန်တော့်ကိုသာကြည့် အိမ်ပြန်နောက်ကျတဲ့ရက်ကများနေတာ"

"အစ်ကိုပြောတာလဲ အမှန်ပဲ။ အပြင်မှာသူတို့နဲ့တွေ့ရင် ညဘက်စကားပြောကြမယ်၊ မနက်စောစော ဂေါ့ဖ်ရိုက်ကြမယ်ဆိုလဲ နေရတာပဲ။ ဒါကငြင်းလို့လဲ မကောင်းဘူးလေ"

"ဟုတ်တယ်ကိုသတိုး။ အပြင်ထွက်ပါများရော အိမ်ရှင်မက မကြည်တော့ဘူးဗျ"

"ဟားဟား ဒါကအမှန်ဆုံးပဲ"

လူကြီးနှစ်ယောက်က စကားပြောရင်းရယ်ရင်း နေ့လယ်စာအတူစားကြသည်။ ကိုသတိုးတို့ ထွက်သွားတာ ၁၀ နှစ်ကျော်သွားပြီဆိုပေမယ့် ဒီမှာရှိတဲ့လုပ်ငန်းက ဒါရိုက်တာအဖွဲ့ဝင်တွေကို ဆက်လက်ဦးစီးစေခဲ့တာဖြစ်ပြီး ကိုသတိုးတို့ရဲ့ရှယ်ရာတွေက ရှိနေဆဲ။ ဒီပြန်ရောက်တော့ ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့ အစည်းအဝေးထိုင်ပြီး လုပ်ငန်းကိုကိုယ်လိုသလို ဦးစီးရအောင် ပြန်ဖွဲ့စည်းကြတော့ အစကပြန်စရသလို သိပ်တော့မခက်ခဲ။ ဒါ့ကြောင့်လဲ ခဏလေးအတောအတွင်းမှာ ကိုသတိုးကလုပ်ငန်းထဲအခြေကျသွားတာ။

D-Day [Complete]Where stories live. Discover now