Part 29

1.6K 175 8
                                    

U+Z

"ဒီနေ့မင်းလွင်ကို အားလုံးကသဘောကျနေတယ်"

အဖွဲ့အစည်းမှာပါဝင်သူအားလုံးတွေ့ဆုံကြတဲ့နေ့ဖြစ်ပြီး စကားပြောကြရင်း မှာထားသည်များကိုလည်း စားကြ၏။ အေးရာအေးကြောင်း တွေ့ဆုံကြတာဖြစ်ပြီး သူ့စီးပွားကိုယ့်စီးပွားအကြောင်းကိုလဲပြောသေးတာဖြစ်သည်။

ရဲမင်းကြီး‌ဦးဇော်မြင့်က ဒီနေ့မင်းလွင်ကိုချီးကျူးကာ ယောက္ခမလောင်းဦးသတိုးကိုဦးတည်ပြီး တခြားအဖွဲ့ဝင်တွေကိုပြောပြနေတာဖြစ်သည်။

"ကျွန်တော့်ဘက်က တစ်ခုလောက်အကူအညီတောင်းဖို့ရှိနေတယ်"

သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ဦးမြင့်စိန်က သူလိုအပ်တာကိုပြော၏။

"ပြောပါအုန်း"

ရဲမင်းကြီးဦးဇော်မြင့်က သူ့မိတ်ဆွေဦးမြင့်စိန် ဆက်ပြောလို့ရအောင်ဝင်ထောက်သည်။

"ကိုသတိုးရဲ့သမက်လောင်းကိုအကူအညီတောင်းရမယ့်ကိစ္စဗျ"

"ပေးရမှာပေါ့ဗျာ။ လိုအပ်တာကိုပြောဗျာ"

ဦးသတိုးကကြားကဝင်‌ပြော၏။

"ကျွန်တော်တို့ဌာနကိုဦးတည်ပြီး အမှုတစ်ခုတက်လာလိမ့်မယ်ဗျ။ ထိုအမှုကိုပယ်ချပေးဖို့ပေါ့ဗျာ"

"ဟားဟား လုပ်ပေးရမှာပေါ့ဗျာ။ အဖွဲ့အစည်းဖွဲ့ထားတာ တစ်ယောက်နဲ့တစ်ယောက်လိုအပ်တာ ထောက်ပံ့ပေးဖို့ပဲ မဟုတ်လား"

ဦးသတိုးကတော့ သဘောတကျနှင့်ပြောနေ၏။

"ဘယ်လိုအမှုလဲ အန်ကယ်"

ဒီနေ့ ဆက်ပြီးမေးလိုက်သည်။

"အန်ကယ်တို့ပိုင်နက်ထဲမှာ လူသေမှုဖြစ်လို့။ ပြီးခဲ့တဲ့ရက်ပိုင်းကပါ။ လတ်တလောတော့ စုံစမ်းစစ်ဆေးရှာဖွေမှုတွေ လုပ်နေတယ်ကွ။ အမှုက မောင်ဒီနေ့ဆီတက်လာမယ်ထင်တယ်။ မောင်ဒီနေ့ပဲဖြတ်ပြီး ကိုဇော်မြင့်ဆီမရောက်အောင်တားပေးပါအုန်း"

သေချာသလောက်က လူသေမှုမဟုတ်ပဲ လူသတ်မှုဖြစ်နိုင်ပြီး သူတို့နဲ့ပတ်သက်နေလို့မဟုတ်ဘူးလား။ တကယ်ပဲ ဒီလူတွေ ဘာတွေကိုတောင်ကျူးလွန်နေတာလဲ။

D-Day [Complete]Dove le storie prendono vita. Scoprilo ora