Part 17

1.8K 168 12
                                    

U+Z

"သားတို့ လာလာ အသီးလေးလာယူ"

ဓိရာဇ် ဒီနေ့တို့အိမ်မှာရောက်နေတာဖြစ်ပြီး သူနဲ့ဒီနေ့က ဒီနေ့အခန်းထဲမှာဖြစ်သည်။ အန်တီက တံခါးခေါက်ကာ စားဖို့အသီးပန်းကန်လာယူခိုင်းနေတာကြောင့် ဒီနေ့က အခန်းထဲကထွက်ကာ သွားယူသည်။

"ဘာတွေ ဒီလောက် သဘောကျနေတာလဲ"

ဒီနေ့ မီးဖိုချောင်ထဲက မေမေ့ဆီက အသီးပန်းကန်ကိုယူတော့ မေမေက သူ့ကိုကြည့်ကာ ပြောတော့သည်။

"ဘာကိုလဲ မေမေရဲ့"

"ဘာတွေ ပျော်စရာရှိနေလဲ မေမေ့ကိုလဲ ပြောပါအုန်း"

သူ့မျက်နှာက မဖုံးနိုင်မဖိနိုင်ဖြစ်နေပြီလားတော့မသိပေ။ စပျစ်သီးကို သေသေချာချာဆေးပြီး အခိုင်လိုက် အခိုင်လိုက်ထည့်ပေးထားသည်။

"ဒီအတိုင်းပါပဲ မေမေရဲ့"

"အမလေးတော် ညီအစ်ကိုနှစ်ယောက်က ဘယ်မိန်းကလေးအကြောင်း တီးတိုးပြောနေလဲမှမသိတာ။ အခုတော့ အမေကို မပြောပြချင်ဘူးပေါ့။ အင်းပါ သွားသွား ဒီအမေလည်း မသိချင်တော့ပါဘူး"

မေမေက သူ့လက်ထဲ အသီးပန်းကန်ထည့်ကာ သူ့ကိုတွန်းထုတ်တော့သည်။ မေမေက သူနဲ့ဓိရာဇ်ကို ညီအစ်ကိုလို့သုံးနှုန်းလိုက်ပြီး မိန်းကလေး တစ်ယောက်လို့ထည့်ပြောလာသည်။ သာမာန် အမေဆိုလည်း ဒီလိုပဲ ယောက်ျားလေးနှစ်ယောက် ပြောစကားတွေဆိုရင် မိန်းကလေးအကြောင်း သို့မဟုတ် ယောက်ျားလေးတွေပဲ သိတဲ့အကြောင်းပြောကြတယ်လို့ ထင်မှာပဲ။ ဒီနေ့ မေမေတို့ကို တကယ်ဖွင့်ပြောချင်နေပြီ။ သို့ပေမယ့် လက်ရှိတော့မဟုတ်သေး။ ဓိရာဇ်ကို သေချာပြောပြပြီးမှ မေမေတို့ကိုဖွင့်ပြောမယ်လို့ စဉ်းစားလိုက်သည်။ မေမေ့ကို ရယ်ပြပြီး ဒီနေ့ အခန်းထဲပြန်ဝင်လိုက်သည်။

သူအခန်းထဲပြန်ဝင်လာတော့ ဓိရာဇ်က ကုတင်ပေါ်မှာပက်လက်လှန်လှဲကာ ခေါင်းကို ကုတင်စပ်မှ အောက်ကိုလှန်ချထားသည်။ ဒီနေ့ အခန်းထဲဝင်ဝင်ချင်း စပျစ်တစ်လုံးဖြုတ်ပြီး စားမလို့ ပါးစပ်ထဲ ထည့်လိုက်ပြီးမှ ကုတင်ပေါ်လုပ်နေတဲ့သူကြောင့် ပြုံးလိုက်ကာ ပန်းကန်ကို ဘေးစားပွဲပုလေးပေါ်တင်လိုက်ပြီး အောက်ကိုလှန်ချထားတဲ့ ခေါင်းကိုကိုင်ကာ ပါးစပ်ထဲက စပျစ်သီးကို နှုတ်ခမ်းချင်းတေ့ကာ ထည့်ပေးလိုက်သည်။

D-Day [Complete]Where stories live. Discover now