𝑷𝒂𝒓𝒕-1

1.3K 72 7
                                    

Unicode

" ထယ်ယောင်း မနက်ဖြန်ကျရင်အိမ်ကိုMr.Parkတို့လာကျလိမ့်မယ်သားကပြင်ဆင်ထားစရာရှိတာပြင်ဆင်ထား "

" သားကဘာကိုပြင်ဆင်ထားရမှလဲအဖေရဲ့"

" Mr.Parkနဲ့သားရေးဆွေးနွေးမလို့ "

" ဖေဖေဘာတွေ‌ပြောနေတာလဲသားနားမလည်ဘူး "

" Mr. Parkရဲ့သားပတ်ခ်ဂျီမင်နဲ့သားနဲ့ကိုနေရာချထားပေးမလို့ "

" ဖေဖေဒါကိုတော့သားလက်မခံနိုင်ဘူး နောက်ပြီး ပတ်ခ်ဂျီမင်ဆိုတဲ့ကောင်ကိုလဲသားကြည့်လို့မရဘူး "

" ဘာ မင်းကဘာပြောတယ် ကင်မ်ထယ်ယောင်း
မိဘလက်နဲ့ရေးတာကိုမင်းကခြေနဲ့ဖျက်ချင်တာလားဟမ် ပြောစမ်း ပတ်ခ်ဂျီမင်ကိုအသေရရအရှင်ရရလိုချင်နေတဲ့သမီးရှင်တွေမှပေါလို့ မင်းကဘာလို့ခါးခါးသီးသီးဖြစ်နေရတာလဲ "

‌" အဖြေကတော့ရှင်းပါတယ် ဖေဖေသားမှာချစ်သူရှိတယ် သားချစ်သူကလွဲပြီး ဘယ်သူ့နဲ့မှလက်မထပ်နိုင်ဘူး နောက်ပြီး ပတ်ခ်ဂျီမင်ကလုံးဝအချိုးမပြေဘူး မိဘပိုက်ဆံနဲ့ထောင်လွှားနေတဲ့ကောင် "

" တော်စမ်း ကင်မ်ထယ်ယောင်း မင်းချစ်သူဆိုတာ ဟိုအကောင် မှတ်လား မင်းကိုအဲ့ကောင်နဲ့ လုံးဝသဘောမတူဘူး ဒါပဲ "

" ဖေဖေ သားကိုလွတ်လပ်ခွင့်ပေးပါ သားချစ်တဲ့သူ့နဲ့ပဲသားပေါင်းဖက်ချင်တယ်ဖေဖေ "

" ဒီမှာအချစ်ကဘဝကြီးမဟုတ်ဘူး အချစ်ကိုဘဝကြီးလို့မှတ်မနေနဲ့ အဲ့အချစ်ကဗိုက်မပြည့်ဘူး  မင်းဘဝကောင်းစားဖို့အတွက်ငါ့စီစဉ်ပေးတာမင်းအထွတ်မတက်နဲ့ ဒါ ငါ့အမိန့်ပဲ "

" မဟုတ်ဘူး မဟုတ်ဘူး အဖေကသားကို ငွေတွေနဲ့ရောင်းစားချင်နေတာ သားလုံးဝလက်မခံနိုင်ဘူး "

" ကင်မ်ထယ်ယောင်း မင်းကိုငါ့လက်ခံအောင်ပြောနေတာမဟုတ်ဘူး သတိပေးသင့်တယ်ထင်လို့သတိပေးနေတာ မနက်ဖြန်ငါ့တို့လက်ထပ်ဖို့ကိစ္စကိုတိုင်ပင်မယ် ကျောင်းပြီးရင် မင်းတို့လက်ထပ်ရမယ် ဒါပဲ "

" အဖေ သိပ် အတ္တကြီးတယ် "

" အစောင့်တွေသူ့ကို ဒီနေ့ အိမ်ထဲကအိမ်ပြင်မထွက်စေနဲ့ သူ့အပြင်ထွက်တယ်လို့သာ ကြားလို့ကတော့မင်းတို့အသေပဲကြားလား "

𝑨𝑫𝑶𝑵𝑰𝑺Where stories live. Discover now