𝑷𝒂𝒓𝒕-11

561 34 7
                                    

Unicode

" ဂျွန် ကုမ္ပဏီ သွားတော့မလို့လား "

" မင်းမမြင်ဘူးလား ငါ့ကိုအပိုတွေလာမေးနေရအောင် "

" မဟုတ်ပါဘူး မင် ကမေးကြည့်တာပါ ဂျွန် မင်လေ ဂျွန်အတွက် မနက်စားပြင်ထားတယ် "

" မစားဘူး ရွံ့တယ် "

" ဘာကိုလဲ ဂျွန် "

" ငါ့ပြောတာရှင်းရှင်းလေး မင်းလက်နဲ့ထိထားတဲ့ ဟာတွေမို့ မစားချင်ဘူး ရွံ့တယ်လို့ပြောနေတာ နားမလည်ဘူးလား "

" ဂျွန် "

" ငါ့ကို ဂျွန် လို့မခေါ်နဲ့ ငါ့ကို ဂျွန်လို့ခေါ်ခွင့်ရှိတာ ထယ့်တစ်ယောက်ပဲရှိတယ် မင်းမြဲမြဲမှတ်ထား မင်းပြင်ထားတဲ့မနက်စားကို မင်းပဲအရသာရှိရှိတစ်ယောက်တည်း စားလိုက်ပါ မင်ယွန်းဂီ "

" သိပါတယ် ဂျွန် ဆိုတဲ့နာမ်စားကို ဂျွန်ပြောတဲ့ထယ့်ဆိုတဲ့ကောင်လေးပဲခေါ်ခွင့်ရှိတယ်ဆိုတာ မင် သိပါတယ် ဒါပေမဲ့ ဂျွန် မင်လေ ဂျွန်ကိုသိပ်မြတ်နိုးတာမို့ ဂျွန်လို့ပဲ ခေါ်ပါရစေ "

" သိပ်မုန်းတယ် မင်ယွန်းဂီ "

" မင် ကတော့ သိပ်ချစ်တယ် ဂျွန် "

" တောက်စ် "

တံခါးကိုဆောင့်ပိတ်ပြီးထွက်သွားတဲ့ ဂျွန်ကိုကြည့်ပြီး မျက်ရည်ကအလိုလိုဝဲလျက်သား  ဂျွန် မင် ကိုမချစ်ဘူးဆိုတာ မင် သိပါတယ် ဒါပေမဲ့ ဂျွန်ရယ် မင်က ဂျွန်ကိုသိပ်ချစ်တာ
ဂျွန်ကိုစတွေ့တဲ့နေ့ကတည်းကအရူးအမူးစွဲလမ်းခဲ့ရတာပါ ဂျွန်ရယ်
ဂျွန်သိပ်ချစ်တဲ့သူ့ကဘယ်သူ့ဆိုတာ မင် သိတယ်
ဒါပေမဲ့ မင်ကိုသူ့လောက်ဖြစ်ဖြစ် ဟင့်အင်း သူ့ကိုချစ်တာထက်တစ်ဝက်လေးပဲချစ်ပေးရင် မင် ကျေနပ်ပါပြီး ဂျွန်

Feedback

" သား ဘယ်သွားမလို့လဲ ညကကျရင် ပါးသူငယ်ချင်းက ထမင်းစားဖိတ်ထားလို့ သွားရမယ်နော် သား "

" သားသိပါတယ် ပါး သားအပြင်ခဏသွားမလို့ပါ "

" ဂရုစိုက်သွား ပါးရဲ့ သားလေး "

အ့

" တောင်းပန်ပါတယ် မမြင်လိုက်လို့ "

" ရပါတယ် "

𝑨𝑫𝑶𝑵𝑰𝑺Where stories live. Discover now