𝑬𝒏𝒅

788 41 3
                                    

Unicode

၇ နှစ်ခန့်ကြာပြီးနောက်

" မောင် "

" ပြော ယောင်း "

" ဒီနေ့အလုပ်ပိတ်တဲ့နေ့လေ မောင်ရဲ့ နားပါအုံးလား သမီးလေးကလဲ အပြင်သွားချင်တယ်ဆိုပြီးပူဆာနေတာ "

" ယောင်းရာ သမီလေးသွားချင်တယ်ဆိုလဲ ယောင်းလိုက်ပို့လိုက်ပေါ့ ဘာလို့ မောင်ကလာပြောနေတာလဲကွာ ဒီမှာ အလုပ်ရှုပ်နေရတဲ့ ကြားထဲ "

" မောင် ဘာလဲ မောင်က အခုတော့ ငြိုငြင်နေပြီးပေါ့ဟုတ်လား ဘာလဲ အသစ်တွေ့နေတာလားဟမ် "

" ပတ်ခ်ထယ်ယောင်း "

" မောင် ယောင်းကိုလာအော်နဲ့ "

" အဲ့ဆိုရင် မင်းလဲအရေးမပါတဲ့စကားတွေလာမပြောနဲ့ စိတ်ရှုပ်တယ် "

" မင်း ပေါ့လေ အဲ့ဒါပဲ မောင်တို့လို့‌ ယောင်္ကျားတွေကလေ မရခင်တုန်းကတော့ ချစ်လှပါချည်းရဲ့ ကြိုက်လိုက်ပါချည်းရဲ့နဲ့ ရလဲရပြီးရော ဖျာလိုခင်းပြီး တက်နင်းချင်ကြတာပဲ စိတ်ပျက်စရာ "

" ပတ်ခ်ထယ်ယောင်း မင်းအခုချက်ချင်း ငါ့မျက်စိရှေ့ကထွက်သွား "

" သွားမှ မင်းလို့လူမျိုးနဲ့ ငါ့သမီးလေးကိုမထားခဲ့နိုင်ဘူး "

" သွားချင်ရင် မင်းတစ်ယောက်ထဲသွား ငါ့သမီးကိုတော့ မင်းနဲ့မထည့်နိုင်ဘူး "

" မထည့်တော့လဲ မခေါ်ဘူး "

အိမ်ပေါ်ကဆင်းသွားသောပါးပါးကိုကြည့်ပြီး ပတ်ခ်ယောင်း သက်ပြင်းချမိသည် ‌။
နောက်တော့လဲ ပြန်တည့်မှာပဲကို ဒယ်ဒီနဲ့ပါးပါးက အရမ်းဒရမ်မာတွေခင်းတာပဲ အလုပ်လုပ်နေတဲ့ ဒယ်ဒီကိုကြည့်ပြီး ကိုယ့်အခန်းသာပြန်လာပြီး ကာတွန်းကားကြည့်နေလိုက်သည်။

" ထယ်ယောင်း လာလေ "

" ယွန်းဂီရော "

" ရှိတယ်လေ "

" ငါ့မင်းတို့အိမ်မှ တစ်ပတ်နေမယ်နော် "

" ဒီလင်လင်နှစ်ယောက် ဘာဖစ်ပြန်ပြီးတုန်း "

ယွန်းဂီတစ်ယောက်မီးဖိုချောင်မှထွက်လာ၍ပြောသည် ။

" ဟျောင်းပဲစဉ်းစားကြည့်လေ ဒီနေ့အပြင်သွားမယ်ပြောတာကို သူ့က ကျွန်တော်ကို စိတ်ရှုပ်စရာလေးဘာလေနဲ့ အိမ်ပေါ်ကနှင်ချလိုက်တယ်လေ "

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Feb 16, 2023 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

𝑨𝑫𝑶𝑵𝑰𝑺Opowieści tętniące życiem. Odkryj je teraz