𝑷𝒂𝒓𝒕-7

582 42 2
                                    

Unicode

" သား "

" မေမေ "

" သားလေး ထတော့လေ "

" ဟုတ် မေမေ "

" သားအဆင်သင့်ပြင်ထားတော့နော်
မေမေတို့နောက်ကျလို့မကောင်းဘူး "

" ဟုတ် မေမေ "

" အင်း အဲ့ဆိုမြန်မြန်လုပ် မေမေတို့ပြင်ဆင်ပြီးအောက်ကစောင့်နေမယ် "

                               *******

" Mr.Kimလာဗျ ထိုင် "

" သားလာ သားဂျီမင်ရှေ့မှထိုင်လိုက် "

" ဟုတ်ကဲ့ အန်တီ "

" သားလေးကလဲကွယ် အန်တီလို့ဘာလို့ခေါ်ရတာလဲ မေမေလို့ပဲခေါ်ပေါ့ "

" ဟုတ်ကဲ့အန်တီ အယ့် မေမေ "

" သားလေးကလိမ္မာလိုက်တာ
မေမေသားဂျီမင်ရဲ့လက်ထဲကိုတောင်ထည့်ရမှာနှမြောလာပြီး "

" ဟာ မိန်းမကလဲကွာ မင်းရဲ့သားမျက်နှာကိုလဲကြည့်ပါအုန်း "

" ဒယ်ဒီ သားမျက်နှာဘာဖြစ်လို့လဲ "

" ဆူပုတ်နေတာလေ ထယ်ယောင်းလေးကို သားနဲ့လက်ထပ်ပေးမှာပါ စိတ်ချ မေမေကနောက်တာကို "

" သား သိပါတယ် မာမီရဲ့ "

" သား ထယ်ယောင်းလေ ထည့်စားနော် အားမနာနဲ့ "

ပြုံးသာပြုံးပြလိုက်ပါတယ်
ဒါပေမဲ့ရင်ထဲမှအရမ်းမွန်းကြပ်နေပြီး
အားလုံးနဲ့အဝေးဆုံးကိုထွက်သွားလိုက်ချင်တယ် တကယ် စိတ်ပျက်လာပြီး ဒီလောကကြီးကို

" သားလေးထည့်စားပါဆို
သားဂျီမင် သားလေး ထယ်ယောင်းကို
ဟင်းတွေထည့်ပေးလိုက်လေကွယ် "

" ရပါတယ် မေမေ ကျွန်တော်ကိုယ့်ဘာသာထည့်စားလိုက်ပါ့မယ် "

" ဘယ်ဟုတ်ပါ့မလဲ သားထယ်ယောင်းလေးကိုဟင်းတွေထည့်ပေးလိုက် "

ဂျီမင်ထည့်ပေးလာတဲ့
ဟင်းကိုနည်းနည်းချင်ဆီဖဲ့ပြီးစားနေသည်
နဂိုကတည်းကဘာမှသိပ်စားချင်တာမဟုတ်
အဲ့တာကြောင့်ဆက်မစားတော့ဘဲ
ဘေးနားမှချထားတဲ့စတော်ဘယ်ရီတစ်ခွက်ကိုသောက်ပြီး စားပွဲထိုင်ခုံ ငြိမ်ငြိမ်လေးထိုင်နေမိသည်

𝑨𝑫𝑶𝑵𝑰𝑺Where stories live. Discover now