𝑷𝒂𝒓𝒕-5

575 40 3
                                    

Unicode

Feedback

" ကင်မ်ထယ်ယောင်း ဒါဘယ်လဲ "

" ကျောင်းသွားမလို့အဖေ "

" မင်းကျောင်းသွားမယ်ဆိုပြီးဟိုကောင်နဲ့သွားတွေ့နေတာဆိုလို့ကတော့ အဆိုးမဆိုနဲ့နော်ကြားလား "

" ဟုတ်ကဲ့ "

" ခဏနေအုံး မင်းကျောင်းကို ဂျီမင်နဲ့တူတူသွား သူခဏနေမင်းကိုလာခေါ်လိမ့်မယ် "

" အဖေ "

" ဘာအထွတ်တပ်အုံးမလဲ "

ကျောင်းကိုတူတူလာတာ ဂျွန်မြင်တော့ပြဿနာရှာမှာကျိန်းသေတယ်
အဖေကလဲပြောလို့ရမှ‌မဟုတ်ဘူး

တီတီ

" ဟော သားဂျီမင်ကားထင်တယ်သွားလိုက် "

" ယောင်းဘာလုပ်နေတာလဲကားပေါ်တက်လေ "

" ဟဲ့ ကား‌ပေါ်မြန်မြန်တက်လေသား ဂျီမင်ကိုအားနားစရာကွယ် "

" ဟုတ်မေမေ သားသွားပြီးနော် "

" အေးအေး မေမေသားလေးကောင်းကောင်းသွား "
    
                                *******

" ဂျီမင် "

" ပြောလေ ယောင်း "

" ငါ့တို့နှစ်ယောက်ရဲ့စေ့စပ်ပွဲကိုဖျက်သိမ်းပေးပါ့လား ငါ့တောင်းဆိုတာပါ  "

" ဘာဖြစ်လို့လဲ "

" ဘာဖြစ်ရမှာလဲ ငါ့ဆီမှငါ့ချစ်သူဂျွန်ရှိတယ်လေ "

" ဘာဖြစ်လဲချစ်သူပဲအဆင့်ပဲရှိသေးတာလေ လက်မှမထပ်ရသေးတာ ငါ့ကမင်းနဲ့စေ့စပ်ထားတာလေ အမှန်တကယ်ဆို ဒီစကားကို ငါ့ကိုမပြောဘဲ ဂျွန်ဂျောင်ဂုကို နောက်ဆုတ်လိုက်တော့လို့ သွားပြောရမှာ "

" ဂျီမင် ငါ့ကငါ့ချစ်တဲ့သူ့နဲ့ပဲပေါင်းဖက်ချင်တယ် မချစ်မနှစ်သက်တဲ့သူ့နဲ့မပေါင်းဖက်ချင်ဘူး
အထူးသဖြင့်မင်းကို ငါ့လက်မထပ်နိုင်ဘူး "

" ငါ့ကဘာဖြစ်နေလို့လဲ ထားပါ ငါ့ကတော့မင်းနဲ့ပဲပေါင်းဖက်ချင်တယ် "

" ပတ်ခ်ဂျီမင် "

သူ့နဲ့ညှိနှိုင်းလိုက်ရင်လက်လျော့ပေးမယ်ထင်ခဲ့တာ
ထင်ထားခဲ့တာနဲ့တစ်ခြားဆီ
ကျောင်းကလဲနောက်တစ်လနေရင်ပြီးတော့မယ်
စိတ်ညစ်ပါတယ်

𝑨𝑫𝑶𝑵𝑰𝑺Where stories live. Discover now